DVB Logo
Home
မြန်မာသတင်း
တရားမ၀င်ဝင်လာသည့် ဆေးများဖြင့် ကိုယ်ဝန်ဖျက်ချမှု များလာ
DVB
·
November 22, 2014
တရားမ၀င်ဝင်လာသည့် ဆေးများဖြင့် ကိုယ်ဝန်ဖျက်ချမှု များလာ
Donate to DVB

မြန်မာနိုင်ငံတ၀န်း ဆေးဆိုင်အတော်များများမှာ ကိုယ်ဝန်ဖျက်ချတဲ့ တရားမ၀င်ဆေးတွေကို အလွယ်တကူ ၀ယ်ယူရရှိနိုင်နေတာကြောင့် ကိုယ်ဝန်ဖျက်ချမှုနှုန်းတွေ အလွန်များလာတယ်လို့ မန္တလေးက ဆေးဆိုင်တွေက ပြောပါတယ်။

DRUGဆေးဆိုင်ဝန်ထမ်း တဦးက “တားဆေးလာမေး တဲ့သူတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ဘယ်လို ဆေး ကို သောက်ရမလဲလို့ လာမေးတာလည်း ရှိတယ်။ အသက်အ ရွယ်တွေကတော့ ၂၀ ကျော်တွေ များတယ်” လို့ ပြောပါတယ်။

ကိုယ်ဝန်ဖျက်ချခဲ့တဲ့ အမျိုးသမီးတဦးက “တရုတ်က ၀င်တဲ့ ဆေးတမျိုးရှိနေပြီ။ သူက ၃ သောင်းခွဲလောက် ရှိတယ်။ ဖျက်ချင်တယ်ဆိုရင် အဲဒီဆေးကိုပဲ ၀ယ်သုံးဖြစ်တယ်” လို့ ပြောပါတယ်။

ကိုယ်ဝန်ဖျက်ချချင်တဲ့ အမျိုးသမီးငယ်တွေဟာ ဆေးဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူလို့ ရတဲ့ဆေးတွေနဲ့ ဖျက်ချနေကြတာဖြစ်ပြီး ဆေးတွေနဲ့ မနိုင်တဲ့အချိန်မှာတော့ ကိုယ်ဝန် တရားမ၀င်ဖျက်ချပေးတဲ့ နေရာတွေမှာ သွားပြီး  ဖျက်ချတာကြောင့် မလိုလားအပ်ပဲ သေဆုံးမှုတွေလည်း ရှိနေပါတယ်။

မန္တလေးမြို့က ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာအောင်ကျော်က “တရားဝင်ဖျက်ချခွင့်မရှိတော့ ဘာလုပ်လဲဆိုရင် ရပ်ကွက်ထဲမှာရှိတဲ့ နီးစပ်ရပ်တွေကို သွားကြတယ်။ သွားတော့ သူတို့က ကျွမ်းကျင်မှုအဆင့် မရှိကြဘူး။ လူကြီးရော၊ ကလေးပါ အသက်ဒုက္ခရောက်သွားနိုင်တယ်။ ဆရာဝန်တွေက ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဆေးရုံတွေမှာ တရားဝင်ဖျက်ချခွင့် ရမယ်ဆိုရင် ကလေးအတွက် အဆင်မပြေရင်တောင် လူကြီးအတွက် အရမ်းအဆင်ပြေတယ်။ ဒါက တကယ်တမ်း ကျနော်တို့ မြန်မာပြည်အနေအထားနဲ့ တရားဝင် ဖျက်ချခွင့် လုပ်မယ်ဆိုရင်တော့ အသက်ဆုံးရှုံးမှုတွေ အများကြီး နည်းသွားလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

ဒီဆေးတွေဟာ တရုတ်က ၀င်လာတာဖြစ်ပြီး  မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက အသိအမှတ်ပြူထားတာ မဟုတ်သလို ဆေးဆိုင်တွေ အနေနဲ့လည်း တရားဝင်ပေးရောင်းချခွင့် မရှိပါဘူး။  ဒါပေမယ့် ဆေးဆိုင်တွေမှာ အဲ့ဒီဆေးတွေကို တရားမ၀င်ရောင်းချနေကြတာပါ။

မြန်မာပြည်မှာ ကိုယ်ဝန် ဖျက်ချခွင့်မရှိတာကြောင့် မလိုလားအပ်ဘဲ ရခဲ့တဲ့ ကိုယ်ဝန်တွေ။ ငယ်ရွယ်သူတွေ လွန်လွန်ကျူးကျူး ဖြစ်ခဲ့ပြီး ရခဲ့တဲ့ ကိုယ်ဝန်တွေကို ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာကလည်း အငြင်းပွား စဉ်းစားစရာ ကိစ္စတခုဖြစ်နေပါတယ်။

ကိုယ်ဝန်ဖျက်ချတဲ့ ဆေးတွေကို မြန်မာနိုင်ငံကို အဓိကတင်သွင်းနေတဲ့ တရုတ်နိုင်ငံမှာ နှစ် ၄၀ အတွင်း ကိုယ်ဝန်ဖျက်ချမှုပေါင်း သန်း ၃၃၀ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုဟာ ကိုယ်ဝန်ဖျက်ချမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့် သေဆုံးမှုရဲ့ ၄၈.၈ ရာခိုင်နှုန်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013