DVB Logo
Home
အားကစား
လုပ်ခတဝက်လျှော့ယူပြီး ဒေါ့မွန်အသင်းဆီပြောင်းရွှေ့ရန် ဆန်ချို ကြိုးပမ်း
DVB
·
August 1, 2025
လုပ်ခတဝက်လျှော့ယူပြီး ဒေါ့မွန်အသင်းဆီပြောင်းရွှေ့ရန် ဆန်ချို ကြိုးပမ်း
Donate to DVB

မန်ယူတောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး လုပ်ခတဝက်လျှော့ယူမယ့်အကြောင်း အသင်းဟောင်းကို ပြောထားတယ်လို့ သိရပါတယ်။

မနှစ်က ချဲလ်ဆီးအသင်းမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့တဲ့ ဆန်ချိုကို မန်ယူအသင်းက ရောင်းချဖို့ ဆုံးဖြတ်ထားပေမဲ့ ဆန်ချိုဘက်က အသင်းသစ်ရှာမရသေးတာပါ။

လက်ရှိအချိန်မှာတော့ အသင်းဟောင်း ဒေါ့မွန်ဆီ ပြန်သွားဖို့ ဆန္ဒရှိနေပြီး မန်ယူအသင်းမှာရရှိနေတဲ့ လုပ်ခရဲ့ ထက်ဝက်လောက်သာ ရယူသွားမယ့်အကြောင်း အသိပေးထားတယ်လို့ ဂျာမန်သတင်းတွေမှာ ဖော်ပြပါတယ်။

ဆန်ချိုဟာ မန်ယူမှာ တပတ်လုပ်ခ ပေါင် ၂၇၅,၀၀၀ ရရှိနေပြီး တနှစ်ကို ပေါင် ၁၄ သန်း ရရှိနေတာပါ။

ဒေါ့မွန်အသင်းအနေနဲ့  အဲဒီလုပ်ခရဲ့ ထက်ဝက်ခန့်သာပေးပြီး ခေါ်ယူဖို့ အသင်းဟောင်းကို အသိပေးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013