DVB Logo
Home
Lead Story
သက်ကြီး သတင်းစာဆရာများကို ပထမဆုံးအကြိမ် ကန်တော့ပွဲပြုလုပ်
DVB
·
November 22, 2014
သက်ကြီး သတင်းစာဆရာများကို ပထမဆုံးအကြိမ် ကန်တော့ပွဲပြုလုပ်
Donate to DVB

မြန်မာသက်ကြီး သတင်းစာဆရာ ၆၉ ဦးကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း အစီအစဉ်နဲ့ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့မှာ စုစည်းကန်တော့နိုင်ခဲ့ကြတယ်လို့ အသင်းဗဟိုအလုပ်အမှုဆောင် ဦးကြည်မင်းက ပြောပါတယ်။

[caption id="attachment_71734" align="alignright" width="414"]ကန်တော့ပွဲအခမ်းအနား(ဓာတ်ပုံ - Chit Win Maung  Facebook) ကန်တော့ပွဲအခမ်းအနား (ဓာတ်ပုံ - Chit Win Maung Facebook)[/caption]

အကန်တော့ခံ သတင်းစာဆရာ စာရေးဆရာ တက္ကသိုလ်စိန်တင်ကတော့ ဒီနေ့ သတင်းသမားတွေဟာ ဓားသွားထက်က ပျားရည်လျက်နေရတဲ့အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မြန်မာပြည်တ၀န်းလုံးမှာရှိတဲ့ သက်ကြီး သတင်းစာဆရာ သတင်းထောက်နဲ့ သတင်းအယ်ဒီတာချုပ်တို့ အကန်တော့ခံတဲ့ထဲ ပါဝင်ကြပြီး ကန်တော့ပွဲကို လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တက်ရောက်ကာ သတင်းစာဆရာကြီးတွေကို ကန်တော့ခဲ့ကြပါတယ်။

မြန်မာပြည်မှာ သက်ကြီးစာရေးဆရာကြီးတွေကို နှစ်စဉ်ကန်တော့လေ့ရှိပေမယ့် သက်ကြီးသတင်းသမားတွေကို ကန်တော့တဲ့အစဉ်အလာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013