DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ် NUG ဆေးရုံကို စစ်တပ် ဗုံးကြဲ၊  ၉ နှစ်အရွယ် ကလေးအပါအဝင် ၅ ဦးသေဆုံး
DVB
·
July 31, 2025
ကန့်ဘလူမြို့နယ် NUG ဆေးရုံကို စစ်တပ် ဗုံးကြဲ၊  ၉ နှစ်အရွယ် ကလေးအပါအဝင် ၅ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်မှာ ဖွင့်လှစ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆေးရုံတခုကို စစ်ကောင်စီတပ်က ဇူလိုင် ၂၉ ရက် ည ၁၀ နာရီကျော်မှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားလို့ ဆေးရုံမှာရှိတဲ့ အရပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကန့်ဘလူဒေသခံတယောက်က “လေယာဉ်က ဗုံးသီး ၂ လုံးကို ၂ ကြိမ်ပတ်ကြဲသွားတာ။ ကြဲတဲ့အချိန်က ၁၀ နာရီ ၂၇ မိနစ်ရယ်၊ ၁၀ နာရီ ၃၂ မိနစ်မှာ ကြဲချတာ။ လူနာဆောင်နဲ့ဓာတ်ခွဲခန်း အဆောင်ကြားကို ကျတာ။ လူထိခိုက်တာတော့ ၉ နှစ်အရွယ် ကလေးငယ်တယောက်လည်း ပါတယ်။ အားလုံး ထိခိုက်တာက ၅ ယောက်လို့ပဲ ပြောလို့ရတယ်”လို့ ပြောပါတယ်။

အဆိုပါဆေးရုံဟာ ဒေသခံအရပ်သားအများစု အားကိုးအားထားရတဲ့  NUG အစိုးရက နေဖွင့်လှစ်ထားတဲ့ ဆေးရုံဖြစ်ပါတယ်။

ကန့်ဘလူပြည်သူ့ကာကွယ်ရေးအဖွဲ့ခါင်းဆောင်တယောက်က “မြေပြင်မှာက တိုက်ပွဲဖြစ်ပွားတာ မရှိဘဲနဲ့ကိုလာကြဲချတာ။ ကျနော့်အမြင်ကတော့ စစ်တပ်က ကမ္ဘာ့နိုင်ငံတွေကို သူတို့ အာဏာရှင်အစိုးရကပဲ ယန္တရားလည်ပတ်တယ်ဆိုတာကို ပြချင်တဲ့သဘောပါ။ ကျနော်တို့ NUG အစိုးရဘက်က လုပ်ဆောင်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ဆေးကုသမှု စတာတွေ လုပ်ဆောင်နေတာကို ရည်ရွယ်ချက်ရှိရှိ လေယာဉ်နဲ့ ဗုံးကြဲနေတာဗျ။ တဖက်မှာ အဖြစ်မှန်ကို လိမ်ဖို့နဲ့ မြေပြင်က ပြည်သူတွေကို အကြောက်တရားရအောင် စစ်ရေး ပစ်မှတ်မဟုတ်တဲ့ နေရာတွေကို အနိုင်ကျင့်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ။ ကျနော်တို့အနေနဲ့ တော်လှန်ရေး အစတုန်းကတော့ ကုလသမဂ္ဂတို့ တခြားအိမ်နီးချင်းနိုင်ငံတွေကို အားကိုးခဲ့တယ်။ ကျနော်တို့ ပဇီကြီးဖြစ်စဉ်အပြီးမှာ စစ်တပ်ကျူးလွန်တဲ့ အရာတွေကို လက်တွေ့ကျကျ ချပြန်နိုင်ခဲ့ပေမဲ့ တံခါးပိတ်အစည်းဝေး ဆိုသလိုလို၊ စိုးရိမ်ရပါတယ်လိုလို ဒါတွေပဲ လုပ်ပြနေတော့ အားလည်းမကိုးတော့သလို အယုံအကြည်လည်း မရှိတော့ဘူး။ ဒီ အာဏာရှင်တော်လှန်ရေး ကိုယ်တိုင် တိုက်ယူမှရမယ်၊ ဆက်လက်တိုက်ပွဲဝင်သွားမယ်” လို့ ပြောပါတယ်။

မလည်တိုက်နယ်အတွင်းက ပဇီကြီးရွာကိုလည်း စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်က စစ်ကောင်စီတပ်က အခုလို လေကြောင်းကနေတိုက်ခိုက်လို့ အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013