DVB Logo
Home
Lead Story
ကျောင်းသွားလမ်းပိတ်ဆို့မှု တာဝန်ရှိသူများ မဖြေရှင်းသေး (သတင်းဓာတ်ပုံ)
DVB
·
November 22, 2014
ကျောင်းသွားလမ်းပိတ်ဆို့မှု တာဝန်ရှိသူများ မဖြေရှင်းသေး (သတင်းဓာတ်ပုံ)
1 / 3
Donate to DVB

ကျောင်းသွားလမ်း ပိတ်ဆို့မှုကိစ္စ အခုချိန်အထိ တာဝန်ရှိသူတွေက လာရောက် ဖြေရှင်း ညှိနှိုင်းပေးတာ မရှိသေးဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ကြည့်မြင်တိုင်တဖက်ကမ်းက ကျောင်းလာတက်တဲ့ ကလေးငယ်တွေရဲ့ ကျောင်းသွားလမ်းကို ဦးပိုင်လီမိတက် MEC က ပိတ်ဆို့လိုက်တာကြောင့် ကျောင်းသားငယ်လေးတွေ ဆန္ဒပြတာ ဒီနေ့ဆို ၆ ရက်မြောက်နေ့ ရှိသွားပေမယ့် အခုအချိန်ထိ ကုမ္ပဏီနဲ့ သက်ဆိုင်ရာက လာရောက်ညှိနှိုင်းတာမရှိသေးပါဘူး။

ကျောင်းသားတွေနဲ့ တဖက်ကမ်းက ခရီးသွားတွေ အဓိက အားထားပြီးသွားတဲ့ ဦးမြငါးစင် သမ္ဗန်ဆိပ်လမ်းကို ကုမ္ပဏီက နိုဝင်ဘာ ၁၅ ရက်နေ့ကစတင်ပြီး  အကြောင်းမကြားပဲ ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။

ကျောင်းဖွင့်ချိန်မှာ အခွင့်ရေးတောင်းဆို ဆန္ဒပြနေတဲ့ ကလေးငယ်တွေဟာ လက်ရှိမှာ ဦးပိုင်လီမိတက်ရဲ့ ၀င်ပေါက်မှာ ဆန္ဒပြတာကြောင့် ကုမ္ပဏီက ကွန်တိန်နာကား ၃  စီးနဲ့ ပိတ်ဆို့ထားလိုက်ပါတယ်။

လက်ရှိမှာ ဆန္ဒပြတဲ့ကျောင်းသားငယ်တချို့ ကျန်းမာရေးထိခိုက်မူတွေရှိလာပြီး  ရပ်ကွက်အုပ်ချူပ်ရေးမှူးနဲ့ တွေ့ဆုံညှိနိုင်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - အိမမမွန်

[gallery ids="71723,71724,71725"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013