
ဆော်ဒီကလပ် အယ်လ်နာဆီအသင်းဆီပြောင်းရွှေ့သွားတဲ့ ပေါ်တူဂီတိုက်စစ်မှူး ဂျိုအာဖဲလ်လစ်ဟာ အပြောင်းအရွှေ့စုစုပေါင်းမှာ စတုတ္တမြောက် ဈေးအကြီးဆုံးကစားသမားဖြစ်လာပါတယ်။
ဖဲလ်လစ်ဟာ မနှစ်က ချဲလ်ဆီးကနေ အေစီမီလန်အသင်းဆီအငှားသွားကစားခဲ့ပြီးနောက် အခုနှစ် အပြောင်းအရွှေ့မှာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ ပေါင် ၂၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဘင်ဖီကာလူငယ်အသင်းကနေ ထွက်ပေါ်လာတဲ့ ဖဲလ်လစ်ဟာ ၂၀၁၉ ခုနှစ်က အက်သလက်တီကို အသင်းဆီ ပေါင် ၁၁၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ချဲလ်ဆီးအသင်းဆီ ပေါင် ၄၇ ဒသမ ၂ သန်းနဲ့ ထပ်မံပြောင်းရွှေ့ခဲ့တာပါ။
အဲဒီနောက် ဘာစီလိုနာအသင်းဆီ အငှားစာချုပ်နဲ့ တရာသီကစားခဲ့ ပါသေးတယ်။ ဖဲလ်လစ်ဟာ အက်သလက်တီကို၊ ချဲလ်ဆီးနဲ့ အယ်လ်နာဆာအသင်းတွေဆီ ပြောင်းရွှေ့ရာမှာ စုစုပေါင်း ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၉၅ သန်းခန့်ရှိပြီး သမိုင်းတလျှောက် စတုတ္ထမြောက် ဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့တာပါ။
ပြောင်းရွှေ့ကြေး စုစုပေါင်းမှာ ဈေးအကြီးဆုံးက ဘရာဇီးတိုက်စစ်မှူး နေမာဖြစ်ပြီး ပေါင် ၃၄၅ သန်းကျော်ရှိတာပါ။
ဒုတိယနေရာမှာ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူက ပေါင် ၃၁၈ သန်း၊ တတိယနေရာမှာ စီရော်နယ်ဒိုက ပေါင် ၂၁၃ သန်းနဲ့ အစဉ် လိုက်ရပ်တည်နေပါတယ်။
Photo:Reuters










