DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး နိုင်ငံခြားစစ်သံမှူးများ လေ့လာစောင့်ကြည့်
DVB
·
July 31, 2025
ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး နိုင်ငံခြားစစ်သံမှူးများ လေ့လာစောင့်ကြည့်
Donate to DVB

အင်အားကြီးနိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားစစ်သံမှူးတွေဟာ အမေရိကန်နဲ့ တရုတ် အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက သံတမန်တွေနဲ့အတူ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေးကို ဇူလိုင် ၃၀ ရက်က ၂ နိုင်ငံနယ်စပ်မှာ စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။

ချိုးဖောက်မှုတွေနဲ့ ဖမ်းဆီးမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲခံရမှုတွေ ရှိနေပေမဲ့လည်း ပြိုပျက်လွယ်တဲ့ အပစ်အခတ်ရပ်စဲရေး ဒုတိယမြောက်နေ့မှာ ကမ္ဘောဒီးယားဟာ နိုင်ငံခြားစစ်သံမှူးတွေနဲ့ သံတမန်တွေကို ထိုင်းနဲ့ နယ်စပ်တလျှောက် တိုက်ပွဲတွေကြောင့် ဖျက်ဆီးခံရတဲ့ စစ်ဆေးရေးဂိတ်တခုကို ခေါ်ဆောင်သွားခဲ့ပါတယ်။

နိုင်ငံခြားသံမှူးတွေဟာ ထိုင်းနယ်စပ် အူဘွန်ရာ့ချဌာနီခရိုင်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံ ပရယ်ဝီဟီးခရိုင်ရှိ ပိတ်ထားတဲ့ အွန်ဆေး နယ်စပ်စစ်ဆေးရေးဂိတ်မှာ ထိခိုက်ပျက်စီးမှုတွေကို စစ်ဆေးခဲ့ကြပါတယ်။

ကမ္ဘောဒီးယား ဗိုလ်ချုပ်ကြီး ချန်ဆုပ်ဟိကရတ်က ကမ္ဘောဒီးယား နယ်မြေအတွင်းကို အရင်ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ထိုင်းတပ်ဖွဲ့တွေ ရှေ့မှောက်မှာပဲ နိုင်ငံခြား လေ့လာစောင့်ကြည့်သူတွေကို အကျဉ်းချုံး ရှင်းလင်းပြောကြားပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားစစ်သား အယောက် ၂၀ ကို တရားမဝင် ဖမ်းဆီးထားတယ်လို့ ကမ္ဘောဒီးယား စစ်ဘက်အရာရှိတွေက နိုင်ငံခြားလေ့လာစောင့်ကြည့်သူတွေကို ပြောခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းစစ်တပ်ဟာ စီစာကတ်ပြည်နယ်မှာ လက်နက်ချခဲ့တယ်ဆိုတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို လောလောဆယ် ဖမ်းဆီးထားတာပါ။

သူတို့ကို အဝတ်အစား၊ အစားအစာ၊ ရေနဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ ပေးထားကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ကျီရာယု ဟန်ဆပ်ဘ်က ပြောပါတယ်။

အမြဲတမ်း အပစ်အခတ်ရပ်စဲရေးကို သဘောတူပြီးတာနဲ့ ကမ္ဘောဒီးယားစစ်သားတွေကို ထိုင်းက ပြန်ပေးဖို့ မျှော်လင့်ထားပြီး သေဆုံးသွားတဲ့ ကမ္ဘောဒီးယားစစ်သား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဇူလိုင် ၂၉ ရက်မှာ ပြန်လည်ပေးအပ်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။

အငြင်းပွားနယ်စပ်တလျှောက်ရှိ နေရာ ၃ ခုမှာ ကမ္ဘောဒီးယားတပ်ဖွဲ့တွေက အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ထိုင်းစစ်တပ်က စွပ်စွဲခဲ့ပြီး ဆက်လက် ရန်စမှုတွေကြောင့် ထိုင်းတပ်ဖွဲ့တွေအနေနဲ့ ပိုမိုပြတ်ပြတ်သားသား တုံ့ပြန်မှုလုပ်ဆောင်ရဖို့ တွန်းအားပေးနိုင်ကြောင်း သတိပေးခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ နိုင်ငံတကာ စစ်သံမှူးတွေနဲ့ သံတမန်တွေရဲ့ ခရီးစဉ် ပေါ်ပေါက်လာခဲ့တာပါ။

ဇူလိုင် ၂၈ ရက် ညသန်းခေါင်ယံမှာ စတင်အသက်ဝင်ခဲ့တဲ့ ဒီသဘောတူညီချက်ဟာ တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ ဆယ်စုနှစ်တခုကျော်အတွင်း လူအသေအပျောက် အများဆုံး ပဋိပက္ခကို တားဆီးဖို့ ရည်ရွယ်ထားတာပါ။ ထိုင်းစစ်တပ်ရဲ့ စွပ်စွဲချက်တွေကိုတော့ ဖနွမ်းပင်က ငြင်းဆိုထားပါတယ်။

၅ ရက်ကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အနည်းဆုံး လူ ၄၃ ယောက် သေဆုံးခဲ့သလို နယ်နိမိတ်နှစ်ဖက်စလုံးက ဒေသခံ ပြည်သူ ၃၀၀,၀၀၀ ကျော် စစ်ဘေးကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013