DVB Logo
Home
မြန်မာသတင်း
ကုန်သွယ်မှု ကျဆင်းသဖြင့် မြန်မာငွေတန်ဖိုးကျဟု စီးပွားကူးသန်းဒုဝန်ကြီးပြော
DVB
·
November 22, 2014
ကုန်သွယ်မှု ကျဆင်းသဖြင့် မြန်မာငွေတန်ဖိုးကျဟု စီးပွားကူးသန်းဒုဝန်ကြီးပြော
Donate to DVB

အမေရိကန် ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်ရာမှာ မြန်မာငွေတန်ဖိုးကျဆင်းနေတာဟာ တိုင်းပြည်ရဲ့ကုန်သွယ်မှု ကျဆင်းလာတဲ့ အချက်ကြောင့်လည်းပါဝင်တယ်လို့ စီးပွားရေးနဲ့ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒု ၀န်ကြီး ဒေါက်တာပွင့်ဆန်းက ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သာရဲ့ မေးခွန်းကို ဒုဝန်ကြီးက  ပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

[caption id="attachment_71691" align="alignright" width="420"]ဒေါက်တာ ပွင့်ဆန်းနှင့် ဦးကြည်သာ ဒေါက်တာ ပွင့်ဆန်းနှင့် ဦးကြည်သာ[/caption]

“ကျနော်တို့ ဒီကုန်သွယ်မှုကျဆင်းလို့ ဒေါ်လာဈေးတက်တယ်လို့ ၁၀၀ ရာခိုင်နှုန်း ပြောလို့ မရပေမယ့် ရာခိုင်နှုန်းတချို့ကတော့ ပါဝင်ပတ်သက်နေတာတော့ မှန်ပါတယ်။ ဒါပေမယ့် ရာခိုင်နှုန်း အနည်းငယ်မျှသာ ပါဝင်ပတ်သက်ပြီးတော့ ဒီပြင်အကြောင်းအချင်း တရားများကလည်း ခဏက မြန်မာငွေတန်ဖိုး ကျပြီးတော့ အမေရိကန် ဒေါ်လာ တန်ဖိုးတက်တဲ့ ကဏ္ဍမှာ အဓိက လွမ်းမိုးနေတယ်လို့ ကျနော် အနေနဲ့ ဖြေကြားပေးပါတယ်” လို့ ဒေါက်တာ ပွင့်ဆန်းက ပြောပါတယ်။

ဗဟိုဘဏ်ငွေလဲနှုန်းတွေကတော့ နိုဝင်ဘာ ၁၇ မှာ ၁ ဒေါ်လာကို ၁၀၂၉ကျပ်၊ ၁၉ ရက်မှာ ၁၀၄၈ ကျပ် အထိပေါက်ခဲ့ပြီး မှောင်ခိုဈေးကွက်မှာတော့ ၁ ဒေါ်လာကို ၁၀၇၀ ကျပ်နဲ့ ၁၀၈၀ ကျပ်အထိတက်သွားခဲ့တာပါ။ ဒီနေ့မှာတော့ ဗဟိုဘဏ် ငွေလဲနှုန်းက ၁ ဒေါ်လာကို ၁၀၄၀ ကျပ်ရှိနေပါတယ်။

ရန်ကုန် စီးပွားရေး အသိုင်းအ၀န်းကတော့ တိုင်းပြည်မှာ သွင်းကုန်ကများပြီး ပို့ကုန်နည်းတာ၊ ရွှေဈေးဆက်တိုက်ကျဆင်းနေတာနဲ့ ဘဏ်ထဲမှာ ငွေစုမထားဘဲ ဒေါ်လာက ပိုခိုင်မာတယ်ဆိုပြီး  ယူဆ၀ယ်ယူကြတာ စတဲ့အကြောင်းရင်းတွေကြောင့် ဒေါ်လာဈေးတက်နေတာလို့ သုံး သပ်ကြပါတယ်။

ပြည်ပကနေတယ်လီဖုန်း ဟမ်းဆက်တွေဝယ်ယူတင်သွင်းမှုများလာတာနဲ့ မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီက ပေးချေစရာရှိတဲ့အတွက် ဒေါ်လာတွေသန်းနဲ့ချီ ၀ယ်ယူနေတာတွေဟာ ပြည်တွင်းမှာ ဒေါ်လာဈေးတက်ရတဲ့ အကြောင်းအရင်းတွေလို့ သုံးသပ်သူတွေလည်းရှိပါတယ်။

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကတော့ အမေရိကန်ဒေါ်လာဈေးမာပြီး ရွှေဈေးကျတာကလည်း ဒေါ်လာဈေးတက်တဲ့ အချက်တခု ဖြစ်တယ်လို့ ပြောပါတယ်။

“မြန်မာမှာ လူတွေရဲ့ မရွှေ့မပြောင်းနိုင်တဲ့အရာတွေ အနေနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင် အိမ်ခြံမြေလုပ်ရင်လုပ် မလုပ်ရင် ဒေါ်လာလုပ်  မလုပ်ရင် ရွှေလုပ် အရင်တုန်းက ကားပေါ့၊ အခုကားကလည်း မဖြစ်တော့ဘူးပေါ့။ အိမ်ခြံမြေကလည်း အခွန်တွေပြောင်း ဘာပြောင်းနဲ့ အိမ်ခြံမြေနဲ့ပတ်သက်ပြီး ဈေးကတန့်နေတယ်။ ရွှေဈေးကလည်း ကမ္ဘာမှာ ကျနေတော့ ရွှေမဟုတ်တော့ ဒေါ်လာကို ပြောင်းထားကြတာပေါ့။”

အမေရိကန် ဒေါ်လာ ခိုင်မာအောင် လုပ်ဆောင်နေတဲ့ အချက်ဟာ ဒေါ်လာဈေးတက်တဲ့ အကြောင်း အရင်းထဲက တခုဖြစ်ပေမယ့် အိမ်နီးချင်း နိုင်ငံက ငွေကြေးတွေက ၂ ကနေ ၄ ရာခိုင်နှုန်းသာ ကျဆင်း ခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာငွေ ကတော့ ၂၀ ရာခိုင်နှုန်း အထိ ကျဆင်းသွားတဲ့အတွက် ဒီအချက် ကတော့ သက်ရောက်မှုနည်းတယ်လို့ ဆိုပါတယ်။

ဒေါ်လာဈေးမြင့်တက်နေတဲ့အတွက် ငွေကြေးလဲလှယ်တဲ့နေရာတွေမှာ ဒေါ်လာကို အ၀ယ်သာရှိပြီး အရောင်းမရှိဘူးလို့ ပြောဆိုနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013