DVB Logo
Home
နိုင်ငံတကာ
ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်ရန် သဘောတူ
DVB
·
July 28, 2025
ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်ရန် သဘောတူ
Donate to DVB

ဇူလိုင် ၂၈ ရက် ဒီညသန်းခေါင်ယံက စပြီး ချက်ချင်း၊ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေက သူတို့ရပ်တည်မှုနဲ့ သဘောထားဆန္ဒကို ဖော်ပြခဲ့ကြတယ်လို့ ကြားဝင်ညှိနှိုင်းပေးတဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ပြောကြားလိုက်ပါတယ်။

ဒါဟာ တင်းမာမှုလျှော့ချရေးနဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး ပြန်လည်ထူထောင်ဖို့ အရေးပါတဲ့ ပထမခြေလှမ်းဖြစ်ပါတယ်လို့ အန်ဝါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကလည်း တိုက်ခိုက်မှုတွေ ချက်ချင်းရပ်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံစလုံးမှာ လူ ၃၀၀,၀၀၀ လောက် စစ်ဘေးရှောင်နေရတယ်လို့ပါ ဆိုပါတယ်။

ကြားဝင်ညှိနှိုင်းပေးရာမှာ ပါဝင်ခဲ့တဲ့ မလေးဝန်ကြီးချုပ်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်အစိုးရကို ကျေးဇူးတင်ကြောင်းလည်း ကမ္ဘောဒီးယားခေါင်းဆောင်က ပြောပါတယ်။

အပြုသဘောဆောင်တဲ့ ဆက်ဆံမှုအတွက် ထိုင်းဝန်ကြီးချုပ် ဖူထမ်ဝိချာယာချိုင်းကိုလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ 

ညသန်းခေါင်မှာ အပစ်ရပ်စဲမှု စတင်သက်ဝင်ပြီးရင် တပ်မှူးတွေဟာ ဇူလိုင် ၂၉ ရက် မနက် ၇ နာရီမှာ အလွတ်သဘော ဆွေးနွေးမှု စတင်မယ်လို့လည်း မလေးဝန်ကြီးချုပ်က ပြောပါတယ်။ 

သတင်းစာရှင်းလင်းပွဲမှာ ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ်ဝိချာယာချိုင်း က နောက်ဆုံးမှာ ပြောဆိုခဲ့သလို စကားအနည်းငယ်ပဲ ပြောခဲ့ပါတယ်။

သူ့နိုင်ငံဟာ သဘောရိုးနဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံဟာ ငြိမ်းချမ်းရေး လိုလားတယ်လို့ပဲ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013