DVB Logo
Home
နိုင်ငံတကာ
နယ်စပ်နေပြည်သူများ လုံခြုံရေး ကမ္ဘောဒီးယား အာမခံပါက အပစ်ရပ်မည်ဟု ထိုင်းပြော
DVB
·
July 27, 2025
နယ်စပ်နေပြည်သူများ လုံခြုံရေး ကမ္ဘောဒီးယား အာမခံပါက အပစ်ရပ်မည်ဟု ထိုင်းပြော
Donate to DVB

ထိုင်းနယ်စပ်တလျှောက် နေထိုင်သူတွေရဲ့ လုံခြုံရေးကို ကမ္ဘောဒီးယားက အာမခံပါက အပစ်အခတ်ရပ်စဲရေးကို ထိုင်းနိုင်ငံက သဘောတူမှာဖြစ်ကြောင်း ယာယီဝန်ကြီးချုပ် ဖူထမ်ဝိချာယာချိုင်းက ပြောပါတယ်။ 

နယ်စပ် ပဋိပက္ခကနေ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားနေခြင်းကို အပစ်အခတ်ရပ်စဲဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ၂ ဘက်ခေါင်းဆောင်တွေကို ပြောဆိုခဲ့ပြီးနောက်ပိုင်း ဇူလိုင် ၂၇ ဒီနေ့မှာလည်း နယ်စပ်တလျှောက် အမြောက်တွေ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်ဖြစ်ပွားနေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 

ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ်ဝိချာယာချိုင်းက “အမေရိကန်သမ္မတက အပစ်အခတ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးရဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။ ကျနော်တို့ လုပ်သင့်တာကို လုပ်ပြီးပြီဆိုတာ ကျနော် အခိုင်အမာ ပြောရဲပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ကျနော်တို့ ပြည်သူတွေကို တိုက်ခိုက်တဲ့ ရည်ရွယ်ချက်မဲ့တဲ့ တိုက်ခိုက်မှုတွေပါ။ ကျနော်တို့ပြည်သူတွေကို တိုက်ခိုက်တဲ့ စစ်အခြေစိုက်စခန်းတွေ၊ တာဝေးပစ် အမြောက်တွေ ရှိတဲ့နေရာတွေကို ကျနော်တို့ တုံ့ပြန်တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ရဲ့ အခြေအနေက တတိယနိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုကို မလိုချင်ပါဘူး။ ဒါပေမဲ့ သမ္မတထရမ့်ပ်ရဲ့ ပူပန်ပေးမှုကို ကျေးဇူးပါတယ်။ ကျနော်တို့ဟာ နိုင်ငံခြားရေးဝန်ကြီးတွေကြား အပစ်ရပ်ဖို့နဲ့ စစ်တပ်တွေ၊ တာဝေးအမြောက်တွေ ပြန်ရုပ်သိမ်းဖို့ အပြန်အလှန် အဆိုပြုထားပါတယ်။ ပြည်သူတွေအတွက် အန္တရာယ်မဖြစ်တဲ့ အစိုးရတွေရဲ့ ရှင်းလင်းတဲ့ သဘောတူညီမှုတွေရတဲ့အထိ စစ်သားတွေက သူ့အလုပ်သူဆက်လုပ်သွားမှာပါ။ ဒီအတွက် စိတ်ပူစရာမရှိပါဘူး”လို့ ပြောပါတယ်။ 

ကမ္ဘောဒီးယားအစိုးရနဲ့ စစ်တပ် တာဝန်ရှိသူတွေကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ခြွင်းချက်မရှိ ချက်ချင်း အပစ်ရပ်ဖို့ အကြံပြုချက်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်မာနတ်က သဘောတူကြောင်း ပြောကြားခဲ့ပါတယ်။ 

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘောဒီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပန်ဘိုနာက ဟွန်မာနတ်ဟာ သူ့ရဲ့ Facebook Page မှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူတဲ့အကြောင်း ဇူလိုင် ၂၇ ရက် ဒီနေ့ တင်ထားတယ်လို့ ဆိုပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံဟာ ဒီနေ့ မနက်မှာ  Phnom Kmoch အပါအဝင် ထိုင်းကမ်းရိုးတန်းနယ်စပ် Trat မှာ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ 

ကမ္ဘောဒီးယား ပြောရေးဆိုခွင့်ရှိသူက “မနက်အစောပိုင်းမှာ ထိုင်းစစ်တပ်က Ta Moan Thom နဲ့ Ta Krabei Temples ကို အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ထိုင်းကြည်းတပ်ကလည်း Phnom Kmoch နေရာတွေကို စတင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့ဟာ အမြောက်တွေ၊ ဒရုံးတွေ၊ ကလက်စတာဗုံးတွေ၊ လေကြောင်းတိုက်ခိုက်မှု တွေတိုက်ခိုက်ခဲ့တာပါ။” 

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ရပြီး အများစုက အရပ်သားတွေဖြစ်ပါကာ လူ ၁၃၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013