DVB Logo
Home
မြန်မာသတင်း
Costec စက်ရုံ အလုပ်သမားသမဂ္ဂဝင် အလုပ်ထုတ်ခံရမှု တရားမျှတရန် ဆက်ဆောင်ရွက်မည်
DVB
·
August 15, 2026
Costec စက်ရုံ အလုပ်သမားသမဂ္ဂဝင် အလုပ်ထုတ်ခံရမှု တရားမျှတရန် ဆက်ဆောင်ရွက်မည်
1 / 5
အလုပ်သမားအခွင့်အရေးအတွက် စက်ရုံလုပ်သားများ စုပေါင်းတောင်းဆိုကြစဉ် (Photo : STUM အဖွဲ့ချုပ်)
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၃ မှာရှိတဲ့ Costec International အထည်ချုပ်စက်ရုံက သမဂ္ဂအဖွဲ့ဝင်တယောက်ကို အလုပ်ထွက်စာလက်မှတ်ထိုးဖို့ ဖိအားပေးခဲ့တယ်ဆိုတဲ့ တိုင်ကြားချက် နဲ့ပတ်သက်ပြီး တရားမျှတမှုရတဲ့အထိ ဆောင်ရွက်သွားမယ်လို့ သွေးစည်းညီညွှတ်သော သမဂ္ဂများ အဖွဲ့ချုပ် STUM က ဩဂုတ် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တယောက်ကို မတရားဖိအားပေး အလုပ်ထွက်စာရေးထိုးခိုင်းတာနဲ့ ပတ်သက်လို့ နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကို တိုင်ကြားခဲ့ရာမှာ မိမိ သဘောဆန္ဒအတိုင်း နုတ်ထွက်စာထိုးထားသဖြင့် အလုပ်ရှင်ကို ပုဒ်မ ၄၄ ဃအရ အရေးယူဖို့ ခိုင်လုံတဲ့ အထောက်အထား မတွေ့ရဘူးလို့ အကြောင်းပြန်ခဲ့တာပါ။

အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အလုပ်သမားတွေဘက်က မိမိဆန္ဒအလျောက် အလုပ်ထွက်စာမှာ လက်မှတ်ရေးထိုးခဲ့တာမဟုတ်ဘဲ စက်ရုံတာဝန်ရှိသူတွေက ဖိအားပေးလက်မှတ်ထိုးခိုင်းခဲ့တာလို့ ပြောဆိုထားပြီး တရားမျှတမှုရရှိရေးအတွက် ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမယ် လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေကနေ စတင်ခဲ့တာဖြစ်ပါတယ်။ 

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ သမဂ္ဂဥက္ကဋ္ဌ အလုပ်ထုတ်ခံရပြီးနောက် အခြား EC အဖွဲ့ဝင် တယောက် ကိုပါ တောင်းဆိုမှုတွေမှာဦးဆောင်ခဲ့တယ်ဆိုပြီး အလုပ်ထွက်စာ လက်မှတ်ထိုးခိုင်းကာ အလုပ် ကနေ ထုတ်ပယ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားရေးရာတာဝန်ရှိသူတွေက ညှိနှိုင်းပေးခဲ့ပေမဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ဖို့ စက်ရုံဘက်က ခွင့်မပြုခဲ့တာကြောင့် ပြေလည်မှုမရခဲ့ဘူးလို့ သိရပါတယ်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ အကြောင်းပြန်စာမှာတော့ ‘အလုပ်ရှင်က အလုပ်ပြန်ခန့်ဖို့ ငြင်းဆိုမှုနဲ့ ပတ်သက်ပြီး ကာယကံရှင်အနေနဲ့ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်နိုင်တယ်’ လို့ ဖော်ပြထားပါတယ်။

Costec International အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိပြီး နိုင်ငံတကာ အမှတ်တံဆိပ် တချို့အတွက် အထည်ချုပ်ပေးနေတဲ့ စက်ရုံတခုလည်း ဖြစ်ပါတယ်။

ဇွဲသစ်

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013