DVB Logo
Home
နိုင်ငံတကာ
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခရပ်တန့်ရန် အနုပညာရှင်များတောင်းဆို
DVB
·
July 26, 2025
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခရပ်တန့်ရန် အနုပညာရှင်များတောင်းဆို
1 / 14
Donate to DVB

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရပ်တန့်ဖို့ တောင်းဆိုတဲ့အနေနဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က အနုပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ချင်းမိုင်မြို့ဟောင်းက Tha Phae Gate မှာ ဇူလိုင် ၂၅ ရက်နေ့က Performance Art ပြပွဲတခု ပြုလုပ်ခဲ့ကြပါတယ်။

Performance Art အနုပညာရှင် Jakkrapan Sriwichai က “ထိုင်းနဲ့ ကမ္ဘောဒီးယားကြားမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေအတွက် ကျနော်နောင်တရတယ်ဆိုတဲ့ ခံစားချက်ကိုဖော်ပြချင်ပါတယ်။ ဒီစစ်ပွဲကို ကျနော်မလိုချင်သလို ဒီကလူအများစုနဲ့ ကမ္ဘောဒီးယားမှာရှိတဲ့ လူအများစုလည်း မလိုချင်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ကျနော်တို့ စစ်ကိုမလိုချင်ဘူးဆိုတာကို နှစ်နိုင်ငံအစိုးရနဲ့ တခြားလူတွေကိုပြသပြီး လုပ်ဆောင်ဖို့တောင်းဆိုချင်ပါတယ်။ မနေ့က ဖြစ်ခဲ့တာတွေက ကျနော်တို့ကို တကယ်ကိုထိတ်လန့်စေခဲ့လို့ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။

Cease the War (စစ်ပွဲရပ်) လို့ အမည်ပေးထားတဲ့ Performance Art ပြပွဲက ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ လူများစွာသေဆုံးစေတဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

Performance Art ပြပွဲကို လာရောက်ကြည့်ရှုသူတယောက်ဖြစ်တဲ့ Gezi ကလည်း “မနေ့မနက်က ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက်အခြေအနေကို ကျနော်တို့ကြားသိရပါတယ်။ နယ်စပ်တလျှောက်ကအရပ်သားတွေရဲ့ ဘေးကင်းရေးကို ကျနော်တို့စိုးရိမ်ပါတယ်။ ဖျော်ဖြေရေးလိုမျိုး အနုပညာဖော်ပြမှုတွေက လူထုကိုသတိပြုမိအောင် မြှင့်တင်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ်တိုက်ပွဲတွေကြောင့် ဇူလိုင် ၂၅ ရက်အထိ ထိုင်းဘက်က အရပ်သား ၁၅ ယောက်ထက် မနည်းသေဆုံးသလို ထိုင်းပြည်သူ ၁ သိန်းကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013