DVB Logo
Home
နိုင်ငံတကာ
လူ ၅၀ ခန့် လိုက်ပါလာသည့် ရုရှားခရီးသည်တင် လေယာဉ်ပျက်ကျ
DVB
·
July 24, 2025
လူ ၅၀ ခန့် လိုက်ပါလာသည့် ရုရှားခရီးသည်တင် လေယာဉ်ပျက်ကျ
Donate to DVB

လူ ၅၀ လောက် လိုက်ပါလာတဲ့ အန်တိုနော့ဗ် An-24 ခရီးသည်တင် လေယာဉ်တစင်း ရုရှားနိုင်ငံ အရှေ့ဖျားဒေသမှာ ဇူလိုင် ၂၄ ရက်က ပျက်ကျသွားခဲ့ပြီး လေယာဉ်ပေါ်ပါသူအားလုံး သေဆုံးသွားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဆိုဗီယက်ခေတ်က ထုတ်ပြီး သက်တမ်း နှစ် ၅၀ နီးပါးရှိပြီဖြစ်တဲ့ အဲဒီလေယာဉ်ရဲ့ မီးလောင်နေတဲ့ ကိုယ်ထည်ကို တွေ့ရှိထားပြီဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာ နေရာကို အမြန်သွားရောက်နေကြပါတယ်။  

ရဟတ်ယာဉ်ပေါ်က ရိုက်ကူးပြီး လူမှုကွန်ရက်မှာ တင်ထားတဲ့ အတည်မပြုနိုင်သေးတဲ့ ဗီဒီယိုတခု မှာတော့ လေယာဉ်ဟာ သစ်တောထူထပ်တဲ့ နေရာတခုထဲကို ပျက်ကျသွားပုံကို တွေ့ရပါတယ်။

၁၉၇၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်တဲ့ ဒီလေယာဉ်ကို ဆိုက်ဘေးရီးယားအခြေစိုက် အန်ဂါရာ (Angara) လို့ခေါ်တဲ့ လေကြောင်းလိုင်းက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ 

လေယာဉ်ဟာ ဘလာဂိုဗက်ရှန့်စ်ခ်မြို့ကနေ တင်ဒါမြို့ကို ပျံသန်းနေတာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အာမူးဒေသ တင်ဒါမြို့ကို ရောက်ခါနီးမှာ ရေဒါကနေ ပျောက်သွားခဲ့တာပါ။ 

ကနဦးအချက်အလက်တွေအရ လေယာဉ်ပေါ်မှာ ကလေး ၅ ယောက် အပါအဝင် ခရီးသည် ၄၃ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၆ ယောက် လိုက်ပါသွားတယ်လို့  သိရပါတယ်။

အရေးပေါ်အခြေအနေရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်အရတော့ ၄၀ ယောက်ပဲ ပါတယ်လို့ ဖော်ပြထားပြီး ကွဲလွဲမှုရှိနေပါတယ်။ 

အာဏာပိုင်တွေက ဒီလေယာဉ်ပျက်ကျမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားမယ်လို့ ကြေညာထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013