DVB Logo
Home
မြန်မာသတင်း
ရွှေထည် အရည်အသွေးကို XRF machine X-ray ဖန်ချောင်းစက်ဖြင့် စစ်ဆေးပေးမည်
DVB
·
July 24, 2025
ရွှေထည် အရည်အသွေးကို XRF machine X-ray ဖန်ချောင်းစက်ဖြင့် စစ်ဆေးပေးမည်
Donate to DVB

ရွှေထည် ဝယ်ယူရာမှာ ဘောက်ချာမှာ ဖော်ပြထားတဲ့ ရွှေပါဝင်မှုနှုန်း၊ ရွှေအရည်အသွေး စံညွှန်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို XRF machine X-ray ဖန်ချောင်းစက်နဲ့ မကြာခင် စစ်ဆေးပေးသွားမယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်က (FMGEA) ကြေညာထားပါတယ်။

အဆိုပါ စစ်ဆေးမှုတွေကို စားသုံးသူ ကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ရွှေဆိုင်တွေက ဝယ်ယူလာတဲ့ ရွှေထည်ပစ္စည်း‌တွေဟာ ဘောက်ချာမှာ ဖော်ပြထားတဲ့ ရွှေရည်နှုန်းအတိုင်း အရည်အသွေးကိုက်ညီမှု  ရှိရမှာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ ၁၄ ပဲရည်ရှိတဲ့ ရွှေထည်ကို ရောင်းပါက ဘောက်ချာမှာ ၁၅ ပဲရည်လို့ ဖော်ပြခြင်း မပြုရပါဘူး။

ရောင်းတဲ့ရွှေပစ္စည်းဟာ ဘောင်ချာမှာ ရေးထားတဲ့ ရွေအရည်အသွေး ပြည့်မီမှာ ဖြစ်ပါတယ်။ ဘောက်ချာပါ ဖော်ပြချက်နဲ့ ကိုက်ညီမှုရှိတဲ့ ရွှေထည်တွေကို မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ် (FMGEA) က အရည်အသွေး ထောက်ခံချက်လက်မှတ် ထုတ်ပေးမယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ စစ်ဆေးရေ စတင်မယ့် ကာလမတိုင်ခင်မှာ ဝယ်ယူထားတဲ့ အဟောင်းဘောက်ချာတွေရဲ့ ရွှေထည်‌တွေကို‌တော့ အရည်အသွေးစစ်ဆေးမှု ပြုလုပ်ပေးမှာ မဟုတ်ဘူးလို့ အသင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တဖက်မှာတော့ စစ်ကောင်စီက ရွှေလုပ်ငန်းရှင်တွေကို သတ်မှတ်ရည်ညွှန်းဈေး ကျော်လွန်ရောင်းချလို့ အရေးယူတာတွေ ပြုလုပ်နေပါတယ်။

ဒီနေ့ ဇူလိုင် ၂၄ ရက် ဈေးဖွင့်ချိန်မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ရွှေ ၁ ကျပ်သား ရည်ညွှန်းဈေးကို ၅,၉၀၀,၀၀၀ ကျပ် သတ်မှတ်ထားပြီး ပြင်ပဈေးကွက်မှာတော့ ကျပ် ၇၉ သိန်းကျော်အထိ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013