DVB Logo
Home
မြန်မာသတင်း
ရွှေဝါရောင် လွှမ်းနေသည့် ရှမ်းနှစ်သစ်ကူး (သတင်းဓာတ်ပုံ)
DVB
·
November 21, 2014
ရွှေဝါရောင် လွှမ်းနေသည့် ရှမ်းနှစ်သစ်ကူး (သတင်းဓာတ်ပုံ)
1 / 28
Donate to DVB

နိုဝင်ဘာ ၂၂ ရက်မှာ ကျရောက်မယ့် ရှမ်းသက္ကရာဇ် ၂၁၀၉ နှစ်ပြည့် ရှမ်းနှစ်သစ်ကူးကို ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာ ရှမ်းတိုင်းရင်းသားတွေ စည်းကား သိုက်မြိုက်စွာ ကြိုဆိုနေပါတယ်။

နှစ်ဦးမှာ လှူဒါန်းမယ့် အလှူဒါနအတွက် ဒီကနေ့မှာတော့ တောင်ကြီးမြို့မှာ ပဒေသာပင် လှည့်လည်နေသလို ညပိုင်းမှာတော့ တောင်ကြီး အဝေရာ မီးပုံးပျံကွင်းမှာ နှစ်သစ်ကို ကြိုဆိုကြမယ်လို့ တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းက အတွင်းရေးမှူး စိုင်းနွတ်က ပြောပါတယ်။

“သူ့အနှစ်သာရက ဘာလဲဆိုရင်တော့ တွေ့ကြမယ်။ ဆုံကြမယ်။ ယဉ်ကျေးမှုတွေ ဖလှယ် ကြမယ်။ စာပေတွေ ဖလှယ်ကြမယ်။ ကိုယ်ဒေသမှာရှိတဲ့ လက်မှု ပစ္စည်းတွေကို လာပြကြမယ်၊ သူဒေသမှာ ရှိတဲ့ ရိုးရာတွေလာ ရောက်ကပြကြမယ်။ ကျနော်တို့ ဒီရှမ်းတွေမှာက မျိုးနွယ်တွေက အများကြီးဖြစ်တယ်၊ အများကြီး ဖြစ်နေတော့ ကွဲပြားခြားနားတဲ့ ၀တ်စားဆင်ယင်မှုတွေလည်း ရှိကြတယ်။ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို လာပြတယ် ဖလှယ်ကြတယ်။”

ဒါအပြင် ရှမ်းအလံက ၀ါစိမ်းနီအရောင်ကို ရည်ညွန်းကာ ဒီကနေ့မှာ အမျိုးသားတွေက ပင်နီရောင်နဲ့ အမျိုးသမီးတွေက အ၀ါရောင် ၀တ်ဆင်ပြီး လှည့်လည်နေတာလို့ ပင်လုံမြို့ကနေ ရှမ်းနှစ်ကူးပွဲတော်ကို လာရောက် ဆင်နွှဲနေတဲ့ စိုင်းလိတ်က ပြောပါတယ်။

“မြို့နယ်တိုင်းက လာတဲ့လူတွေအားလုံး ဒီအရောင်တွေကို ၀တ်လာကြတယ်၊ တောင်ကြီး မြို့ကြီး ဒီနေ့ ရွှေဝါရောင် လွှမ်းနေတယ်” လို့ စိုင်းလိတ်က ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမြို့တွေက ရှမ်းလူမျိုးတွေ တောင်ကြီးမြို့ကို လာရောက်ပြီး နှစ်ကူးကို ဆင်နွှဲနေပါတယ်။

ဒီကနေ့ တောင်ကြီးမှာ ကျင်းပနေတဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်ကို လူတွေ သောင်းသိန်းချီ လာရောက် ဆင်နွဲနေတယ်လို့ ပွဲလာတဲ့သူတွေက ပြောဆိုနေပါတယ်။

နိုဝင်ဘာ ၁၈ ကနေ ၂၅ ရက်အထိ ကျင်းပတဲ့ ဒီနှစ်သစ်ကူးပွဲမှာ ကောက်သစ်ဦး အလှူပွဲ၊ ကောက်သစ်စားပွဲ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ ရှမ်းပြည်နယ်က မြို့ရွာသမိုင်း၊ လူမျိုးသမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ စာတမ်းဖတ်ပွဲ၊ ရိုးရာဝတ်စား ဆင်ယင်မှုပြိုင်ပွဲ၊ မီးပုံးပျံပြိုင်ပွဲ၊ သစ်သီးအလှပန်း အလှပြိုင်ပွဲနဲ့ အားကစားပြိုင်ပွဲတွေကို ထည့်သွင်း ကျင်းပသွားမှာ ဖြစ်သလို တိုယိုတာကား ၁၀ စီး ကံစမ်းမဲ ဖောက်ပေးမယ်လို့ ကြေညာထားပါတယ်။

ယခင်က ရှမ်းနှစ်သစ်ကူးပွဲကို ဒေသအလိုက်သာ ကျင်းပခဲ့ပေမယ့်  ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်လာတဲ့အခါမှာ ရှမ်းလူမှုအခြေပြုအဖွဲ့၊ နိုင်ငံရေးပါတီနဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့တွေ ပေါင်းစည်းပြီး နိုင်ငံတ၀န်းအနေနဲ့ စုစည်း ကျင်းပလာတာဖြစ်ပါတယ်။

ယခင်နှစ်က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ မြို့တော် တောင်ကြီးမှာ ဒုတိယအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။

[gallery ids="71612,71613,71614,71615,71616,71617,71618,71619,71620,71621,71622,71623,71624,71625,71626,71627,71628,71629,71630,71631,71632,71633,71634,71635,71636,71638,71677,71678"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013