DVB Logo
Home
မြန်မာသတင်း
ကာကွယ်ရေးဦးစီးချုပ်နှင့် စာနယ်ဇင်းကောင်စီ ထပ်မံ တွေ့ဆုံမည်
DVB
·
November 21, 2014
ကာကွယ်ရေးဦးစီးချုပ်နှင့် စာနယ်ဇင်းကောင်စီ ထပ်မံ တွေ့ဆုံမည်
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ တွေဆုံဖို့ ဖိတ်ကြားထားတယ်လို့ ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

[caption id="attachment_71603" align="aligncenter" width="434"]ပထမအကြိမ်တွေ့ဆုံစဉ် (ဓာတ်ပုံ - Senior General Min Aung Hlaing Facebook) ပထမအကြိမ်တွေ့ဆုံစဉ်[/caption]

ကာကွယ်ရေးဦးစီးချုပ်နဲ့ စာနယ်ဇင်းကောင်စီတို့ ပထမအကြိမ် တွေ့ဆုံပြီး ၁ လလောက်ပဲ ရှိသေးချိန်မှာ ကာကွယ်ရေးဦးစီးချုပ်က တွေ့ကြဖို့ ထပ်မံဖိတ်ကြားလာတာ ဖြစ်ပြီး လတ်တလော ဖွဲ့စည်းပုံ ပြင်ရေးကိစ္စနဲ့ ပတ်သက်လို့ ပြောစရာရှိတဲ့အတွက် ဖိတ်ပုံရတယ်လို့ ဦးမြင့်ကျော်က သုံးသပ်ပြောပါတယ်။

“ဖိတ်တာက မနေ့ကဗျ၊။ အကြောင်းတခုဖြစ်နိုင်တာက အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တပ်မတော်သားတွေက ဆန့်ကျင်ကန့်ကွက်တယ်ဆိုတဲ့ဟာမျိုးတွေ ဆွေးနွေးဖို့ ဖြစ်နိုင်တယ်။ တပ်မတော်နဲ့ ပတ်သက်ပြီး ဒီဘက်က နိုင်ငံရေးအင်အားစုနဲ့ လူထုအမြင် အဲဒါတွေနဲ့ ပတ်သက်ပြီး သူ တခုခု ပြောချင်တဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။”

လတ်တလော ကေအိုင်အေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောကြားလိုတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ကောင်စီနဲ့ ပထမအကြိမ် တွေ့ဆုံတုန်းက တပ်ပိုင်းဆိုင်ရာသတင်းထုတ်ပြန်ဖို့အတွက် ပြောရေးဆိုခွင့်ရှိသူ ၃ ယောက်ထားပေးမယ်ဆိုတာလည်း အခုထိ အကောင်အထည် ပေါ်မလာသေးလို့ ဒီတကြိမ်တွေ့ရင် အဲဒီကိစ္စ ထပ်ဆွေးနွေးကြဖို့လည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်နဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းဌာနတို့ တွေ့ဆုံမေးမြန်းစဉ် သမ္မတက စစ်တပ်အနေနဲ့ သတင်းထုတ်ပြန်တဲ့အပိုင်း လိုနေသေးတယ်လို့ မှတ်ချက်ပေး ပြောကြားခဲ့အပြီး အခု ကာချုပ်ရဲ့ စာနယ်ဇင်းကောင်စီကို ဖိတ်ကြားချက် ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ ၂၃ ရက်နေ့ တွေ့ဆုံပွဲကို စာနယ်ဇင်းကောင်စီ(ယာယီ)ဒုဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ) ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၉ ယောက် တက်ရောက်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013