DVB Logo
Home
မြန်မာသတင်း
အင်းစိန်တွင် ငွေကျပ် သန်း ၅၀,၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ 
DVB
·
July 23, 2025
အင်းစိန်တွင် ငွေကျပ် သန်း ၅၀,၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ 
Donate to DVB

ရန်ကုန်၊ အင်းစိန်မှာ ငွေကျပ် သန်း ၅၀,၀၀၀ လောက်တန်ဖိုးရှိတဲ့ စိတ်ပြောင်းမူးယစ်ဆေးဝါးတွေနဲ့ မလေးရှားရေပိုင်နက်ဆီကို ပင်လယ်ရေကြောင်းကနေ ပို့ဆောင်တဲ့အဖွဲ့ကို ဖမ်းမိတယ်လို့ စစ်ကောင်စီရဲ့ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့က ဇူလိုင် ၂၂ ရက် ညမှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတွေနဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင် ၁၂ ရက် ညနေမှာ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်က သိန်းဝင်းထွန်းနဲ့ ထွန်းထွန်းလင်း (ခ) ကိုထွန်း တို့ ငှားရမ်းထားတဲ့အိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ ဇော်ဇော်လွင်ကို အိုက်စ် (မက်သ်အဖက်တမင်း) ၁,၈၇၅ ကီလို (ဒေသတန်ဖိုးငွေကျပ် သန်း ၄၆,၈၇၅)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်း (ဒေသတန်ဖိုးငွေကျပ် သန်း ၁၆၀၀၀)နဲ့   ဒိုင်နာကားနဲ့ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးတွေ လွှဲပြောင်းပေးအပ်ခဲ့သူ နေမျိုးကျော်ကို အဲဒီနေ့ညမှာ လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ပါရမီလမ်းမှာ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

စိတ်ပြောင်းဆေးဝါးတွေ တာဝန်ခံသယ်ဆောင်သူ ကြည်ဖြူ (ခ) ကျော်ဝင်းဌေးနဲ့ ဇော်မင်းနိုင်တို့ ဇူလိုင် ၁၅ ရက်က ထားဝယ်ဘက်ကို ထွက်ပြေးသွားတာသိရလို့ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့တာမှာ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရွာနားမှာ Kluger ကားနဲ့အတူ ဖမ်းမိပြီး ကြည်ဖြူ (ခ) ကျော်ဝင်းဌေးဟာ မူးယစ်အမှုနဲ့ အလိုရှိတရားခံပြေးဖြစ်တယ်လို့ ထုတ်ပြန်ဖော်ပြပါတယ်။

ဒါ့အပြင် မူးယစ်ဆေးတွေ ပင်လယ်ရေကြောင်းနဲ့ မလေးရှားရေပိုင်နက်ကို ပို့ဆောင်သူ စိုးလင်းပိုင် (ခ) လင်းလင်းကို အဲဒီနေ့ညနေက ပြည်မြို့၊ နဝဒေးတံတားမှာ ဖမ်းမိပြီး ရန်ကုန်မြစ်ဝကနေ မလေးရှားရေပိုင်နက်ဆီ ပို့ဆောင်သူ စက်လှေပိုင်ရှင် ရဲထွန်း (ခ) ပဲ့နင်း (ခ) ဖိုးသာဂိ ကို ဇူလိုင် ၁၆ ရက် မနက်ပိုင်းမှာ မန္တလေး ပုသိမ်ကြီးမြို့မှာ ဖမ်းမိပြီး ရဲထွန်းဟာလည်း မူးယစ်အမှုနဲ့ အလိုရှိတရားခံပြေး ဖြစ်တယ်လို့ ဆိုပါတယ်။

စိတ်ပြောင်းဆေးဝါးတွေကို ရန်ကုန်မြစ်ဝဆီ တာဝန်ခံသယ်ဆောင်ပေးသူ အောင်ရတနာစက်လှေပိုင်ရှင် သိန်းသန်းဌေး (ခ) ဇော်ဇော်အောင် (ခ) ငဌေးနဲ့ ကျော်စွာမင်း (ခ) မင်းမင်း၊ မျိုးထွန်း (ခ) ကိုထွန်း တို့ကို ဇူလိုင် ၁၇ ရက် ညနေက မင်္ဂလာဒုံမြို့နယ်မှာ အသီးသီး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

တရားခံတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်နေသလို သူတို့ဟာ ပင်လယ်ရေကြောင်းကနေ မူးယစ်ဆေးဝါးနဲ့ စိတ်ပြောင်းဆေးဝါးတွေ အကြိမ်ကြိမ် သယ်ဆောင် ရောင်းဝယ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013