DVB Logo
Home
မြန်မာသတင်း
ကိုပါကြီး အလွတ်သတင်းထောက်ဟု ကော်မရှင်ပြော
DVB
·
November 21, 2014
ကိုပါကြီး အလွတ်သတင်းထောက်ဟု ကော်မရှင်ပြော
Donate to DVB

ကိုပါကြီးဟာ ကေကေအိုအဖွဲ့ဝင် မဟုတ်ဘဲ အလွတ်တန်း သတင်းထောက် တယောက်သာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးတွေ့ရှိတဲ့အကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဦးစစ်မြိုင်က ပြောပါတယ်။

မြန်မာဂျာနယ်လစ်အဖွဲ့က ဒုဋ္ဌဥက္ကဋ္ဌ ဦးမြတ်ခိုင်နဲ့ ကရင်ပြည်နယ်က သတင်းထောက် တယောက်တွေရဲ့ ထွက်ဆိုချက်အရ ကိုပါကြီး အလွတ်သတင်းထောက်ဖြစ်ကြောင်း တွေ့ရတာလို့ ဦးစစ်မြိုင်က ပြောပါတယ်။

Ko Par Gyi06112014“လောလောဆယ် စစ်ဆေးရသလောက်တော့ ကိုပါကြီးဟာ ကေကေအိုအဖွဲ့ဝင်အဖြစ်နဲ့ အတည်ပြုလို့ မရဘူး၊ သို့သော် ဒီကေဘီအေ ကေကေအိုအဖွဲ့တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းမှု ရှိတယ်။ ဆက်သွယ်မှု ရှိတယ်။ သောင်းကျန်းမှု ရှိတယ်ဆိုတာလောက်တော့ ရတယ်ဗျ။ တခါ မြန်မာဂျာနယ်လစ်အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို ကျနော်တို့ ခေါ်ယူတွေ့ဆုံတော့ သူက ကိုပါကြီးဟာ အလွတ်သတင်းထောက်ဖြစ်ကြောင်း ထွက်ဆိုပါတယ်။ နောက် ဘားအံက သတင်းထောက် ကိုအောင်ပကို ခေါ်ယူတွေ့ဆုံတော့လည်း သူက ကိုပါကြီးဟာ သူနဲ့ ရင်းနှီးတဲ့ အလွတ်သတင်းထောက် တယောက် ဖြစ်ကြောင်း ထွက်ဆိုပါတယ်။ ကိုအောင်ကြီး(ကိုပါကြီး) နာမည်နဲ့ ရေးတဲ့သတင်းလည်း သက်သေအဖြစ် ယူလာပြပါတယ်။ ဆိုလိုက်တော့ အလွတ်သတင်းထောက် ဆိုတာတော့ မှန်ကန်တယ်လို့ ယူဆပါတယ်။”

ကိုပါကြီး အသတ်ခံရမှုကို စုံစမ်းစစ်ဆေးနေတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ငန်းတွေ ပြီးစီးလုနီးနီးရှိနေပြီလို့လည်း ကော်မရှင်ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က ရရှိထားတဲ့ သက်သေအထောက်အထားတွေလည်း အားလုံး လောက်နီးနီး ရရှိထားပြီး အလောင်းနဲ့ ထိစပ်နေတဲ့ မြေကြီးဓာတ်ခွဲစစ်ဆေးချက်တော့ မရသေးဘူးလို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးတာဝန်ယူခဲ့ရတဲ့ သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်း အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားရာက သေဆုံးသွားခဲ့တာပါ။

မြန်မာ တပ်မတော်ဘက်ကတော့ ကိုပါကြီးဟာ သတင်းထောက်မဟုတ်ဘူးလို့ငြင်းဆိုထားပြီး ကလိုထူးဘော ကရင်အစည်းအရုံး (ကေကေအို) အဖွဲ့ဝင်တယောက်ဖြစ်တဲ့အကြောင်းနဲ့  အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ် ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့  အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013