DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် “လူမဆန်သောသတ်ဖြတ်မှု” အတွက် အစ္စရေးကို ဗြိတိန် အပါအဝင် ၂၇ နိုင်ငံ ရှုတ်ချ
DVB
·
July 22, 2025
ဂါဇာတွင် “လူမဆန်သောသတ်ဖြတ်မှု” အတွက် အစ္စရေးကို ဗြိတိန် အပါအဝင် ၂၇ နိုင်ငံ ရှုတ်ချ
Donate to DVB

ဂါဇာမှာ ရိက္ခာအကူအညီ ရှာဖွေနေတဲ့ အရပ်သားတွေအပေါ် “လူမဆန်တဲ့သတ်ဖြတ်မှု” အတွက် အစ္စရေးကို ဗြိတိန်နဲ့ ပြင်သစ် အပါအဝင် နိုင်ငံ ၂၇ နိုင်ငံက ရှုတ်ချခဲ့ပါတယ်။

အစ္စရေးရဲ့ အကူအညီပေးမှုပုံစံဟာ အန္တရာယ်ကြီးပြီးတော့ မတည်မငြိမ်မှုကို မီးထိုးပေးရာ ရောက်သလို ဂါဇာသားတို့ရဲ့ လူသားဂုဏ်သိက္ခာကို ဆုံးရှုံးစေတယ်လို့ ဖော်ပြထားပါတယ်။

အကူအညီတွေ မဝရေစာကျွေးမွေးမှုနဲ့  အခြေခံလိုအပ်ချက်ဖြစ်တဲ့ အစားအစာနဲ့ ရေရှာဖွေတဲ့ ကလေးတွေ အပါအဝင် အရပ်သားတွေကို လူမဆန်စွာ သတ်ဖြတ်မှုကို ရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။

အကူအညီ ရှာဖွေရင်းနဲ့ ပါလက်စတိုင်းသား ၈၀၀ ကျော် အသတ်ခံခဲ့ရတာဟာ အင်မတန် တုန်လှုပ်ချောက်ချားဖွယ် ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

ဂါဇာမှာ စစ်ပွဲချက်ချင်းရပ်ဆိုင်းဖို့နဲ့ အရပ်သားတွေရဲ့ အတိဒုက္ခဟာ ပိုမိုဆိုးဝါး နက်ရှိုင်းလာပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီထုတ်ပြန်ချက်ဟာ “ပကတိအရှိတရားနဲ့ ကင်းကွာနေပြီးတော့ ဟားမတ်စ်အဖွဲ့ကို သတင်းစကားအမှား ပေးလိုက်သလိုပဲ” လို့ တုံ့ပြန်ဝေဖန်ပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလွှတ်ပေးရေး သဘောတူညီမှု မယူဘဲနဲ့ မုသားတွ ဖြန့်ဖြူးနေပြီး အကူအညီပေးဝေရေးကို နှောင့်ယှက်နေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။

ဟားမတ်စ်နဲ့ စစ်ပွဲ ၂၁ လအတွင်း ဂါဇာမှာ အစ္စရေးကျင့်သုံးတဲ့ နည်းစနစ်တွေအပေါ် ရှုတ်ချတဲ့ နိုင်ငံတကာ ကြေညာချက် အများအပြားရှိပေမဲ့ အခုတကြိမ်ဟာ အပွင့်လင်းဆုံး ထုတ်ပြန်ချက် ဖြစ်ပါတယ်။

လက်မှတ်ထိုးတဲ့အထဲမှာ ဗြိတိန်၊ ပြင်သစ်တို့နဲ့အတူ ဩစတြေးလျ၊ ကနေဒါ၊ အီတလီ၊ ဂျပန်၊ နယူးဇီလန်၊ ဆွစ်ဇာလန် အပါအဝင် နိုင်ငံ ၂၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013