DVB Logo
Home
အားကစား
ချဲလ်ဆီး တိုက်စစ်မှူး နီကိုလပ်ဂျက်ဆင်ကို ခေါ်ယူရန် မန်ယူ ဆွေးနွေး
DVB
·
July 21, 2025
ချဲလ်ဆီး တိုက်စစ်မှူး နီကိုလပ်ဂျက်ဆင်ကို ခေါ်ယူရန် မန်ယူ ဆွေးနွေး
Donate to DVB

မန်ယူအသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူး နီကိုလပ်ဂျက်ဆင်ကို ခေါ်ယူဖို့ ကနဦး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဆီနီဂေါတိုက်စစ်မှူးဟာ ဒီလတ်ဖ်နဲ့ ပတ်ဒရိုတို့ ရောက်ရှိလာတဲ့ တိုက်စစ်ပိုင်းမှာ ပွဲထွက်ခွင့် အာမခံချက်မရှိ ဖြစ်နေတာကြောင့် အသင်းပြောင်းဖို့ ရှိနေတာပါ။

မန်ယူအသင်းဟာ မနှစ်ကရာသီမှာ ဂိုးသွင်းနှုန်း စံချိန်တင် ကျဆင်းခဲ့တာကြောင့် တိုက်စစ်ပိုင်းအတွက် ဂျက်ဆင်ကို ခေါ်ယူဖို့ စီစဉ်လာခဲ့တာလို့ BBC Sport သတင်းမှာ ဖော်ပြပါတယ်။

တခြားတဘက်မှာတော့ ဂျက်ဆီကို  ပြောင်းရွှေ့ကြေးပေးပြီးခေါ်ယူမယ့်အစား အသင်းရှိ တောင်ပံကစားသမား ဂါနာချိုကို အလိုက်ပေးပြီး ခေါ်ယူဖို့လည်း မန်ယူအသင်းက စဉ်းစားထားတယ်လို့ သိရပါတယ်။

ချဲလ်ဆီး အသင်းဟာလည်း ဂါနာချိုကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေစေမယ့် အလဲအထပ် အစီအစဉ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးနိုင်ကြောင်းလည်း သတင်းထွက်ပေါ်နေပါတယ်။

အသက် ၂၄ နှစ်ရှိ နီကိုလပ်ဂျက်ဆင်ဟာ  ချဲလ်ဆီးနဲ့  ၂ ရာသီအတွင်းမှာ  ဂိုး ၃၀ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013