DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးကို အာမခံလျှောက်ခွင့်ပေး
DVB
·
November 20, 2014
လိပ်ကျွန်းလူသတ်မှု စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးကို အာမခံလျှောက်ခွင့်ပေး
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦးကို သတ်ဖြတ်မှုသံသယနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာလူငယ်  ၂ ဦးကို အာမခံလျှောက်ခွင့်ပေးလိုက်တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

[caption id="attachment_71550" align="aligncenter" width="446"]10268486_10152615186505677_7190068396896641367_n ဓာတ်ပုံ - Andy Hall[/caption]

အလုပ်သမား ၂ ဦးရဲ့ အာမခံအတွက် ၁ ဦးကို ဘတ်ငွေ ၅ သိန်း ပေးဆောင်ရမှာ ဖြစ်သလို မြန်မာသံရုံးနဲ့ တိုင်ပင်ပြီး လာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့လောက် အာမခံ အမြန်ဆုံးတင်သွင်းနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

ဒီကနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က  ကော့စမွီ တရားရုံးမှာ အစိုးရ ရှေ့နေဘက်က ရမန် တပတ် ထပ်မံတောင်းဆိုခဲ့တာပြီး မြန်မာလူငယ်တွေရဲ့ ရှေ့နေတွေကတော့  ချုပ်နှောင်ထားတာ ၄၈ ရက်ရှိပြီဖြစ်တဲ့အတွက် ထပ်မံမချုပ်နှောင်ထားသင့်ကြောင်း ကန့်ကွက်ခဲ့တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“နှစ်ဖက် သုံးသပ်ချက်ကို တရားသူကြီးက ချပြီးတော့ မပြည့်စုံသေးတဲ့ စစ်ဆေးချက်တွေ ရှိနေလို့ ဆိုပြီးတော့ ရမန် တပတ်ထပ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာတော့ အာမခံ လာလျှောက်ရင် လျှောက်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးတော့ ပြောလိုက်ပါတယ်။”

ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးကတော့ ဒီကနေ့ မနက်က တရာရုံးကို အချုပ်ကားနဲ့ ရောက်လာခဲ့ပြီး ကလေး ၂ ဦးရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ ရှေ့နေက ပြောပါတယ်။

ကလေးတွေက သူငယ်ချင်းတွေဆီပေးတဲ့ စာမှာ အမှုကလွတ်အောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့နဲ့ ဒီအမှုမှာ အပြစ်တစုံတရာ မကျူးလွန်ခဲ့ဘူးလို့ ရေးသားထားပါတယ်။

“ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့ကို မေတ္တာ ပို့ပါတယ်။ ကျနော်တို့ ၂ ယောက် အခုဖြစ်ပျက်နေတဲ့ ပြဿ     နာနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ ၂ ယောက် ထောင်ထဲက လွတ်မြောက်ဖို့အတွက် ၀ိုင်းဝန်းပြီး ကြိုးစားပေးကြဖို့ ကျနော်တို့ ၂ ယောက် တောင်းပန်ပါတယ်။ တကယ်လည်း ကျနော်တို့ မဟုတ်ပါဘူး” လို့ ကလေးတွေရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံဥပဒေအရ ဖမ်းဆီးခံရသူတွေကို ၁၂ ရက် ၁ ကြိမ်  စုစုပေါင်း ရမန် ၇ ကြိမ် ရယူနိုင်တာဖြစ်ပြီး  ဒီကနေ့ ပဉ္စမမြောက် ရမန်ထက်ယူတာကို  ကန့်ကွက်ဖို့  ရှေ့နေက  ကြိုးပမ်းခဲ့တာပါ။ လက်ရှိမှာတော့  မြန်မာ လူငယ် ၂ ဦး ချုပ်နှောင်ခံထားရ တာ  ၄၈ ရက် မြောက် ရှိပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013