DVB Logo
Home
နိုင်ငံတကာ
လာမည့်အပတ်တွင်ဆွေးနွေးရန် ရုရှားကို ကမ်းလှမ်းခဲ့ကြောင်း ဇလန်းစကီး ပြော
DVB
·
July 20, 2025
လာမည့်အပတ်တွင်ဆွေးနွေးရန် ရုရှားကို ကမ်းလှမ်းခဲ့ကြောင်း ဇလန်းစကီး ပြော
Donate to DVB

လာမဲ့အပတ်အတွင်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် ရုရှားကို ကမ်းလှမ်းမှုတခု လုပ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်စကီးက ပြောပါတယ်။ 

ရုရှားနဲ့ ယူကရိန်းတို့ဟာ ပြီးခဲ့တဲ့ ၅ လအတွင်း အစ္စတန်ဘူလ်မြို့မှာ တွေ့ဆုံမှု ၂ ကြိမ် ပြုလုပ်ခဲ့ဖူးပါတယ်။ 

အဲဒီတွေ့ဆုံမှုတွေမှာ နှစ်ဘက်အကျည်းသား လဲလှယ်မဲ့ကိစ္စကိုပဲ အကောင်အထည်ဖော်နိုင်ခဲ့ပြီး ၃ နှစ်ခွဲကျော် ကြာမြင့်နေပြီဖြစ်တဲ့ စစ်ပွဲကိုအဆုံးသတ်နိုင်တာမျိုးတော့ မရှိခဲ့ပါဘူး။ 

“အပစ်အခတ်ရပ်စဲမှု အောင်မြင်ဖို့ အရာအားလုံးပြီးဆုံးအောင် လုပ်ဆောင်ရမှာပါ။ ရုရှားဘက်က ဆုံးဖြတ်ချက်တွေကနေ ရှောင်ပုန်းမနေသင့်တော့ပါဘူး” လို့ ဇလန်းစကီးက ပြောပါတယ်။ 

ယူကရိန်းနိုင်ငံကိုယ်စားပြုအဖွဲ့ခေါင်းဆောင် အူမီရော့ဗ်က လာမယ့်အပတ်ထဲမှာ ဆွေးနွေးမှုပြုလုပ်ဖို့ ရုရှားကို ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ ဇလန်းစကီးက ပြောခဲ့ပေမဲ့ အပြည့်အစုံကိုတော့ ပြောဆိုခဲ့တာမရှိပါဘူး။ 

ကာကွယ်ရေးဝန်ကြီးဟောင်း အူမီရော့ဗ်ဟာ ပြီးခဲ့တဲ့အပတ်က အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီအကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ညှိနှိုင်းမှုတွေ ပိုပြီးအရှိန်မြင့် ပြုလုပ်ရမှာဖြစ်ပါတယ်။ 

ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့အသင့်ပဲလို့ ရုရှားက အကြိမ်ကြိမ်ပြောခဲ့ပေမဲ့ ရုရှားဟာ ယူကရိန်းရဲ့ ဒိုးနတ်ခ်ဒေသ အရှေ့ပိုင်းတလျှောက် ထိုးစစ်ဆင်မှုတွေ ဆက်ပြီး ပြုလုပ်နေပါတယ်။ 

ဒါ့ကြောင့် ယူကရိန်းနဲ့ မဟာမိတ်တွေက ရုရှားဟာ စစ်ပွဲကိုအရှိန်အမြင့်ဆုံးမြှင့်တင်နေတယ်လို့ သုံးသပ်ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013