ဟော်မုဇ်ရေလက်ကြားကို လုံးဝပိတ်လိုက်ကြောင်း အီရန်ပင်မစစ်ဌာနချုပ်က ဇွန် ၁၁ ရက် အစောပိုင်းမှာ ကြေညာပါတယ်။
ဟော်မုဇ်ရေလက်ကြား ပိတ်လိုက်တာကြောင့် ဆီတင်သင်္ဘောတွေ အပါအဝင် ကုန်တင်သင်္ဘောတွေကို ရေကြောင်းအန္တရာယ်ကြောင့် ပိတ်တာဖြစ်ကြောင်း ကြေညာထားတာပါ။
ရေလက်ကြားက ဖြတ်သန်းတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားလာဖွယ် ရှိတယ်လို့ ဌာနချုပ်က သတိပေးထားတာ ဖြစ်ပါတယ်။
အစ္စလမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်ကလည်း ဟော်မုဇ်ရေလက်ကြားကို နောက်ထပ် ထုတ်ပြန်ချက် မတိုင်မီအထိ ပိတ်ထားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။
အမေရိကန်နိုင်ငံက အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ် ချိုးဖောက်မှုကြောင့် အခုလို ပိတ်ထားတာဖြစ်ကြောင်းလည်း ပြောပါတယ်။
IRGC က ပါရှန်းပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့တို့မှာ ကျောက်ချရပ်နားဖို့ကိုလည်း ခွင့်မပြုဘူးလို့ သင်္ဘောတွေကို သတိပေးထားပါတယ်။
ရေလက်ကြားကို ချဉ်းကပ်တာက ရန်သူနဲ့ပူးပေါင်းတာ ဖြစ်တယ်လို့လည်း IRGC က ပြောပါတယ်။
အမေရိကန်၊ အစ္စရေးတို့နဲ့ စစ်ပွဲဖြစ်ပွားချိန်ကတည်းက သင်္ဘောသား ၅၄ ယောက် သေဆုံးခဲ့ပြီး သင်္ဘော ၂၅၃ စင်း ပျက်စီးခဲ့တယ်လို့ အီရန်က ကြေညာပါတယ်။
ဖေဖော်ဝါရီလကုန်ကတည်းက သင်္ဘောသား ၂၈ ယောက် ဓားစာခံအနေနဲ့ ထိန်းသိမ်းခံထားရပြီး ၅ ယောက်ကတော့ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ အီရန်က ပြောပါတယ်။
Source: Reuters










