DVB Logo
Home
နိုင်ငံတကာ
မားဒေါ့နှင့် Wall Street ဂျာနယ်တို့ကို ထရမ့်ပ် တရားစွဲ
DVB
·
July 19, 2025
မားဒေါ့နှင့် Wall Street ဂျာနယ်တို့ကို ထရမ့်ပ် တရားစွဲ
Donate to DVB

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က မားဒေါ့နဲ့ Wall Street ဂျာနယ်တို့ကို အက်စတိန်းရဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ဒေါ်လာ ၁၀ ဘီလီယံနဲ့ တရားစွဲထားပါတယ်။

Wall Street ဂျာနယ်ရဲ့ မိခင်ကုမ္ပဏီဒေါ်ဂျုံးနဲ့ ပိုင်ရှင်ဖြစ်သူ မားဒေါ့တို့ကို လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ ကျော်ကြားတဲ့ ဂျက်ဖရီအက်စတိန်းဆီကို ထရမ့်ပ်က စာရေးသားပေးပို့ခဲ့တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ပ်ကတော့ ဒီဖော်ပြမှုဟာ သူ့ကို အသရေဖျက်မှုလို့ ပြောဆိုထားပါတယ်။ အက်စတိန်းရဲ့ အသက် ၅၀ ပြည့်မွေးနေ့အတွက် စာပေးပို့မှုက လိမ်ညာမှုသာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့က ဒီအမှုကို ကိုင်တွယ်ခဲ့ပြီးနောက်မှာ ဝေဖန်မှုတွေ ထွက်ပေါ်လာတာကြောင့် အမေရိကန်တရားရေးဌာနက အက်စတိန်းနဲ့ ဆက်စပ်တဲ့အကြောင်းအရာတွေကို ဖွင့်ချဖို့ တောင်းဆိုခဲ့ပါတယ်။ 

ထရမ့်ပ်က “ မမှန်ကန်တဲ့ မလိုလားတဲ့၊ အသရေဖျက်စေတဲ့၊ မမှန်သတင်းတွေကို ဖော်ပြတဲ့ The Wall Street ဂျာနယ်မှာပါဝင်သူအားလုံးကို တရားဥပဒေအရ‌ကျနော်တို့ အရေးယူမှာပါ။ ရူပတ်နဲ့ သူ့ရဲ့အပေါင်းအပါတွေဟာ နာရီပေါင်းများစွာ အစစ်ခံရဖို့နဲ့ သက်သေခံဖို့ ကျနော်မျှော်လင့်ပါတယ်” လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

ဒေါ်ဂျုံးရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့ရဲ့ သတင်းတိကျမှုကို အပြည့်အဝယုံကြည်ထားပြီး တရားစွဲမှုကို ကာကွယ်သွားမယ်လို့ ပြေားထားပါတယ်။

မားဒေါ့နဲ့ ထရမ့်ပ်တို့ရဲ့ ဆက်ဆံရေးက ၁၀ စုနှစ်ပေါင်းများစွာ အတက်အကျရှိပြီး ဒီဆောင်းပါးကို ထုတ်ဝေရင် တရားစွဲမယ်လို့လည်း သတိပေးခဲ့ဖူးတယ်လို့ ပြောပါတယ်။ မားဒေါ့ဟာ ထရမ့်ပ်နဲ့အတူ တနင်္ဂနွေနေ့က ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အတူတွေ့ခဲ့ရ ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013