DVB Logo
Home
နိုင်ငံတကာ
ဂါဇာမှ ဓားစာခံ ၁၀ ဦး မကြာခင်ထပ်မံလွတ်မြောက်လာမည်ဟု ထရမ့်ပ်ပြော 
DVB
·
July 19, 2025
ဂါဇာမှ ဓားစာခံ ၁၀ ဦး မကြာခင်ထပ်မံလွတ်မြောက်လာမည်ဟု ထရမ့်ပ်ပြော 
Donate to DVB

ဂါဇာကမ်းမြောင်ကနေ နောက်ထပ် ဓားစာခံ ၁၀ ယောက် မကြာခင် ပြန်လွတ်လာလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က  ဇူလိုင် ၁၈ ရက် အိမ်ဖြူတော်မှာ ရီပတ်ဘလစ်ကန်အမတ်တွေနဲ့ ညစာစားပွဲမှာ ပြောပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ် စေ့စပ်ညှိနှိုင်းသူတွေဟာ ဇူလိုင် ၆ ရက်ကတည်းက ဒိုဟာမှာ နောက်ဆုံးအကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ ပါဝင်နေတာဖြစ်ပြီး ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန် ကျောထောက်နောက်ခံပြု အဆိုပြုချက်ကို ဆွေးနွေးနေပါတယ်။ 

ထရမ်ပ်က “ဂါဇာဓားစာခံ အများစုကို ပြန်ရထားခဲ့ပြီး မကြာခင် နောက်ထပ် ၁၀ ယောက် ရောက်လာတော့မယ်။ ဒီကိစ္စ မြန်မြန်ဆန်ဆန် ပြီးသွားဖို့ မျှော်လင့်ပါတယ်” လို့လည်း ဆိုပါတယ်။ 

အထူးသံတမန် စတိဗ်ဝစ်တ်ကော့ဖ်ရဲ့ ကြိုးပမ်းအားထုတ်မှုကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပြီး စတိဗ် ဝစ်တ်ကော့ဖ်က ပင်ကိုယ် အစွမ်းအစရှိသူ၊ အပေးအယူ ကျွမ်းကျင်တဲ့ ညှိနှိုင်းရေး သမားကောင်းဖြစ်ပြီး အရမ်းတော်တဲ့သူဖြစ်တယ်လို့ ထရမ့်ပ်က ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ 

ညစာစားပွဲမှာ ထရမ့်ပ်က သူ့ရဲ့အုပ်ချုပ်မှုပထမလတွေအတွင်း ဒုတိယသမ္မတ ဂျေဒီဗန့်စ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့ကိုလည်း သူတို့ရဲ့ သံတမန်ရေးရာနဲ့ ဥပဒေပြုရေးဆိုင်ရာ ကြိုးပမ်းမှုတွေအတွက် ချီးကျူးခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013