DVB Logo
Home
မြန်မာသတင်း
ကမ္ဘာမှာ မြန်မာက သဒ္ဓါတရား အရှိဆုံးနိုင်ငံဟု စစ်တမ်းထုတ်ပြန်
DVB
·
November 20, 2014
ကမ္ဘာမှာ မြန်မာက သဒ္ဓါတရား အရှိဆုံးနိုင်ငံဟု စစ်တမ်းထုတ်ပြန်
1 / 2
Donate to DVB

myanမြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ သဒ္ဓါတရား အရှိဆုံးနိုင်ငံတွေအဖြစ် World Giving Index(WGI) အဖွဲ့ရဲ့ ၂၀၀၄ ထုတ်ပြန်ချက် မှာ အဆင့်၁ ပူးတွဲသတ်မှတ်ဖော်ပြခံရပါတယ်။

ကမ္ဘာ့ပေးလှူရေး အညွှန်းကိန်းအတွက် ဗြိတိန်အခြေစိုက် ကူညီဒါနပြုအဖွဲ့ CAF-America က သတ်မှတ်ထားတဲ့ သူစိမ်းသူတွေကို ကူညီပေးတာ၊ စေတနာ့ဝန်ထမ်း ကူညီပေးတာနဲ့ ငွေကြေးထောက်ပံ့ကူညီတာ ဆိုတဲ့ အကူအညီပေးမှု အမျိုးအစား ၃ ခုစလုံးမှာ အမေရိကန်နိုင်ငံဟာ ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ ပါဝင်တဲ့ တခုတည်းသော နိုင်ငံဖြစ်ပါတယ်။

အရှေ့တောင်အာရှက နိုင်ငံတွေထဲမှာတော့ မလေးရှားက အဆင့် ၇၊ အင်ဒိုနီးရှားက အဆင့် ၁၃၊ ထိုင်းက အဆင့် ၂၁၊ ဖိလစ်ပိုင် အဆင့် ၃၀၊ ဗီယက်နမ်က အဆင့် ၇၉ နဲ့ ကမ္ဘောဒီးယားက အဆင့် ၁၀၈ အသီးသီးရပ်တည်နေတာပါ။

မြန်မာနိုင်ငံကတော့ မနှစ်တုန်းက အဆင့် ၂ နေရာမှာရှိပြီး ဒီနှစ်မှာ အဆင့် ၁ ထိပ်ဆုံးကို ရောက်လာတာ ဖြစ်ပါတယ်။ ငွေကြေးပေးလှူမှု ၈၅ ရာခိုင်နှုန်းကနေ ဒီနှစ်မှာတော့ ၉၁ ရာခိုင်နှုန်းထိ မြင့်တက်လာတာကြောင့် ထိပ်တန်းစာရင်းမှာ ပါဝင်လာတာပါ။

ပေးကမ်းလှူဒါန်းမှု အနည်းဆုံး ၁၀ နိုင်ငံစာရင်းမှာတော့ တရုတ်နိုင်ငံပါဝင်ပြီး ဗင်နီဇွဲလားနဲ့ ယီမင်နိုင်ငံတွေက ကပ်စီးအနည်းဆုံးနိုင်ငံတွေအဖြစ် ညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013