DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းတွင် ရုရှားဗုံးကြဲမှုကြောင့် လူ ၄ ဦး သေဆုံး၊ ၂၇ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
July 18, 2025
ယူကရိန်းတွင် ရုရှားဗုံးကြဲမှုကြောင့် လူ ၄ ဦး သေဆုံး၊ ၂၇ ဦးထက်မနည်း ဒဏ်ရာရ
Donate to DVB

ယူကရိန်းနိုင်ငံ ဒွန်နက်စ်ခ်ဒေသရှိ လပေါင်း ၄၀ ကြာ စစ်ပွဲရဲ့ ရှေ့တန်းစစ်မျက်နှာအနီးရှိ ဒိုဘရိုပီလယာမြို့ရဲ့ အော်ရိုရာဈေးဝယ်စင်တာနဲ့ ဈေးတခုကို ဇူလိုင် ၁၆ ရက်က ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူ ၄ ယောက် သေဆုံးပြီး အနည်းဆုံး ၂၇ ယောက် ထိခိုက်ဒဏ်ရာရရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဈေးဝယ်သူတွေ ထွက်သွားချိန် ညနေ ၅ နာရီ ၂၀ မိနစ်လောက်မှာ ၅၀၀ ကီလိုဂရမ် (ပေါင် ၁,၁၀၀) ရှိတဲ့ FAB-500 ဗုံးကို ချခဲ့တာဖြစ်ကြောင်း ဒွန်နက်စ်ခ် အရှေ့ပိုင်းဒေသရှိ အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ ရာ့စ်လန်း အိုစီးပန်ကိုက ပြောပါတယ်။

လူ ၄ ယောက် သေဆုံးပြီး အနည်းဆုံး ၂၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အဲဒီတိုက်ခိုက်မှုကြောင့် မုန့်ဈေးတန်း ဆိုင်ခန်း ၅၄ လုံး၊ တိုက်ခန်း ၁၃ ခု အပါအဝင် အဆောက်အအုံ ၇၅ ခုနဲ့ မော်တော်ယာဉ် ၈ စီး ပျက်စီးသွားပါတယ်။

ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့လည်း အိုစီးပန်ကိုက ပြောပါတယ်။

ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ စျေးဝယ်စင်တာတဝိုက် မီးခိုးငွေ့တွေ ကောင်းကင်ယံကို လျှံတက်နေတာ တွေ့ရပါတယ်။

သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဒီတိုက်ခိုက်မှုဟာ ကြောက်စရာကောင်းပြီး မိုက်မဲတဲ့ ရုရှား အကြမ်းဖက်မှုပဲလို့ သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

သူတို့ရဲ့ တိုက်ခိုက်မှုတွေမှာ စစ်ရေးအမြင်အရ မဟုတ်ဘဲ လူဘယ်လောက်များများကို သတ်ဖြတ်နိုင်လဲ ဆိုတဲ့ ကြိုးပမ်းမှုသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပိုခရို့ဗ်စ်ခ်နယ်မြေရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိတဲ့ ဒိုဘရိုပီလယာမြို့ဟာ ဒွန်နက်စ်ခ် ဒေသတလျှောက် အနောက်ဘက်ကို ရုရှားတပ်ဖွဲ့တွေ လအတန်ကြာ ဖြည်းဖြည်းချင်း ချီတက်နေတာ ဖြစ်ပါတယ်။

မတ်လတုန်းက ဒိုဘရိုပီလယာမြို့ကို ဒုံးကျည်တွေ၊ ဒုံးပျံတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ ကလေး ၅ ယောက် အပါအဝင် လူ ၁၁ ယောက် သေဆုံးခဲ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013