DVB Logo
Home
နိုင်ငံတကာ
စရာတိုဆောရက် ဒိုင်နိုဆောရုပ်ကြွင်းကို ဒေါ်လာ သန်း ၃၀ ကျော်ဖြင့် ရောင်းချ
DVB
·
July 17, 2025
စရာတိုဆောရက် ဒိုင်နိုဆောရုပ်ကြွင်းကို ဒေါ်လာ သန်း ၃၀ ကျော်ဖြင့် ရောင်းချ
Donate to DVB

အရွယ်မရောက်သေးတဲ့ ဒိုင်နိုဆောရုပ်ကြွင်းကို ဒေါ်လာ ၃၀ ဒသမ ၅ သန်းနဲ့ ရောင်းချခဲ့ပြီး လေလံတင်ခဲ့တဲ့ ဒိုင်နိုဆောတွေအနက် တတိယဈေးအများဆုံး ဖြစ်လာပါတယ်။

Sotheby က စရာတိုဆောရက် ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းကို ဇူလိုင် ၁၆ ရက်က လေလံတင်ခဲ့တာ ဖြစ်ပါတယ်။

လေလံပွဲမှာ လေလံဆွဲသူ ၆ ယောက်ဟာ ၆ မိနစ်ကျော်ကြာ ယှဉ်ပြိုင်ပြီး နောက်ဆုံးမှာ ဒေါ်လာ ၃၀ ဒသမ ၅ သန်းနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

Sotheby ဟာ ၂၀၂၄ ခုနှစ်မှာ Apex အမည်ရှိ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းကို ဒေါ်လာ ၄၄ ဒသမ ၆ သန်းနဲ့ ရောင်းချခဲ့ဖူးပြီး ၂၀၂၂ ခုနှစ်က ဒေါ်လာ ၆ ဒသမ ၁ သန်းနဲ့ ဂေါ်ဂိုဆောရက် ဒိုင်နိုဆောကို ရောင်းခဲ့ဖူးကာ ၁၉၉၇ ခုနှစ်က ဆူးနဲ့ တီရက်တို့ကို ၈ ဒသမ ၄ သန်းနဲ့ ရောင်းချခဲ့ဖူးတာ တွေ့ရပါတယ်။

Sotheby ရဲ့ အဆိုအရ စရာတိုဆောရက်ကို ဝယ်ယူတဲ့ ပိုင်ရှင်ဟာ ဒိုင်နိုဆောရဲ့ နမူနာကို သိပ္ပံနဲ့ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ နေရာတွေမှာ လေ့လာခွင့်ပြုဖို့ ငှားရမ်းမယ်လို့ ဆိုပါတယ်။

Sotheby ရဲ့ ဒုဥက္ကဋ္ဌနဲ့ ကမ္ဘာ့သိပ္ပံနဲ့ သဘာဝသမိုင်းလေ့လာရေးခေါင်းဆောင် ဟတ်တန်က  “ဒီဒိုင်နိုဆောက ကမ္ဘာပေါ်မှာ စရာတိုဆောရက် ၄ ကောင်ပဲ ရှိတဲ့အထဲက တကောင်ပါ။ အဲဒီ ၄ ကောင်ထဲကမှ ဒီအကောင်က လူပျိုပေါက်အရွယ်ရှိတဲ့ ဒိုင်နိုဆောပါ” လို့ ပြောပါတယ်။

အရွယ်မရောက်သေးတဲ့ ဒိုင်နိုဆောတွေဟာ တွေ့ရခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေထဲမှာ ပါဝင်ပြီး ရှားပါးတဲ့ ရှာဖွေတွေ့ရှိမှုပဲ ဖြစ်ပါတယ်။

ဒီရုပ်ကြွင်းကို ၁၉၉၆ ခုနှစ်က အမေရိကန်နိုင်ငံ ဝါအိုမင်းမှာ တူးဖော်ရရှိခဲ့တာပါ။ ဒါဟာ ဒိုင်နိုဆောရုပ်ကြွင်းတွေ တူးဖော်ရရှိတဲ့နေရာမှာ ကိုယ်အင်္ဂါအစုံလင်ဆုံး ရှာဖွေတွေ့ရှိမှု ဖြစ်ပါတယ်။

ဒီဒိုင်နိုဆောကို ‌ဒေါ်လာ ၄ သန်းကနေ ၆ သန်းအထိ ရောင်းချဖို့ ရည်ရွယ်ခဲ့ပေမဲ့ ဈေးကွက်က အခုလို တန်ဖိုးဖြတ်ပေးခဲ့တာ ဖြစ်တယ်လို့ ဟတ်တန်က ပြောပါတယ်။

ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေ မျိုးသုန်းပျောက်ကွယ်ခဲ့တာနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေရဲ့ အယူအဆ အမျိုးမျိုးရှိပါတယ်။

တချို့က ဒိုင်နိုဆောဥတွေကို တခြားသတ္တဝါတွေက စားသောက်ခဲ့တာလို့ ယူဆချက်တွေရှိသလို ကမ္ဘာကို ဥက္ကာခဲ ဝင်တိုက်မှုကြောင့် မျိုးတုံးတာလို့လည်း ၁၉၈၀ ခုနှစ်တုန်းက လေ့လာသူတွေက ဆိုပါတယ်။

Sotheby ဟာ ဇူလိုင် ၂ ရက်ကနေ ၁၇ ရက်အထိ ထူးထူးခြားခြား ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပြီး သိပ္ပံ၊ အာကာသနဲ့ သဘာဝသမိုင်းဆိုင်ရာ ပစ္စည်းတွေကို လေလံတင်ရောင်းချတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013