DVB Logo
Home
မြန်မာသတင်း
ပခုက္ကူလေယာဥ်ကွင်းစောင့် စစ်သားများ တိုက်ခိုက်ခံရပြီး အရာရှိ အပါအဝင် ၆ ဦးသေဆုံး
DVB
·
July 17, 2025
ပခုက္ကူလေယာဥ်ကွင်းစောင့် စစ်သားများ တိုက်ခိုက်ခံရပြီး အရာရှိ အပါအဝင် ၆ ဦးသေဆုံး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့က လေယာဉ်ကွင်းမှာ လုံခြုံရေးယူ​ပြီး ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇူလိုင် ၁၅ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်အရာရှိ တယောက် အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ Southern YSO PDF ဆီကနေ သိရပါတယ်။

Southern YSO PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီနေ့က ညနေ ၃ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က အင်အား ၃၀ လောက်နဲ့ လေယာဥ်ကွင်း လုံခြုံရေးအတွက် ကင်းလှည့်နေတာကို လေယာဥ်ကွင်းရဲ့ အနောက်တောင်ဘက်လောက်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ခလရ ၂၅၄ တပ်ရင်းက အရာရှိတယောက်နဲ့ တခြားအဆင့် ၅ ယောက် အပါအဝင် ၆ ယောက် သေတယ်လို့ သိရပါတယ်။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Southern Yesagyo Local တပ်ပေါင်းစုတွေ ဖြစ်ကြတဲ့ Southern YSO PDF၊ ဒေါင်းညီနောင်ပြည်သူ့အားမာန် PDF၊ Yesagyo Revolution Group (YRG) နဲ့ King Cobra တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့လည်း ဆိုပါတယ်။

Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက “သူတို့အဖွဲ့နဲ့ ကျနော်တို့ဘက်က အရန်အဖွဲ့နဲ့ ထိပ်တိုက်တိုးပြီး နှစ်ဖက်ပစ်ခတ်မှု ဖြစ်ကြတာ နာရီဝက်လောက် ကြာခဲ့တယ်ဗျ။ လက်နက်တွေ ဘာတွေ မကောက်တော့ဘဲ ပြန်ဆုတ်လာခဲ့ကြတာ။ တိုက်ပွဲထဲမှာ သေတဲ့အလောင်းတွေကို ၁၆ ရက်နေ့ မနက်ရောက်မှ သူတို့ဘက်က အစိမ်းရောင်သုံးဘီးတစီးနဲ့ လာကောက်ပြီး ပခုက္ကူဘက်ကို သယ်သွားတယ်။ အဲဒါကြောင့် သူတို့ဘက်က သေတဲ့အရေအတွက်ကို အတည်ပြုနိုင်တာ။ ဒဏ်ရာရတဲ့သူတွေလည်း ၃ ယောက်ထက်မနည်းဘူး ရှိတယ်လို့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်ကလည်း စစ်တပ်အထိုင်ချထားကြတဲ့ ပခုက္ကူလေဆိပ်နဲ့ မြောက်လူးကန်ကျေးရွာတွေကို Southern Yesagyo Local တပ်ပေါင်းစုက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရခဲ့ကြသေးတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်ခံရမှုတွေနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသလို တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့အပေါ် DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပခုက္ကူ-ရေစကြို လမ်းပိုင်းပေါ် ပန်းတိုင်ချုံကျေးရွာနဲ့ စံပြကြီးကျေးရွာ အကြားမှာရှိတဲ့ အဆိုပါ ပခုက္ကူလေယာဥ်ကွင်းကို စစ်ရေးအတွက် အသုံးပြုဖို့ ၂၀၂၄ မှာ ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လုံခြုံရေးယူထားတာ ဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်နေတာလို့ Southern Yesagyo Local တပ်ပေါင်းစုဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013