DVB Logo
Home
မြန်မာသတင်း
ရွှေညဝါဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကို မှော်ဘီတောရကျောင်းဝင်း၌ ကျင်းပမီးပူဇော်မည်
DVB
·
July 16, 2025
ရွှေညဝါဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကို မှော်ဘီတောရကျောင်းဝင်း၌ ကျင်းပမီးပူဇော်မည်
Donate to DVB

ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ရွှေညဝါဆရာတော်ကြီးရဲ့ အန္တိမအဂ္ဂိဈာပနကို ရာသီဥတုနဲ့ တခြား အခက်အခဲတွေကြောင့် ဆရာတော်ရဲ့ မှော်ဘီရွှေညဝါတောရသာသနာပြုကျောင်းတိုက်မှာပဲ မီးပူဇော်သွားမယ်လို့ သိရပါတယ်။

ရွှေညဝါဆရာတော်ကြီးရဲ့ အန္တိမအဂ္ဂိဈာပနကို မူလက မှော်ဘီသုသာန်မှာ ကျင်းပဖို့စီစဉ်ခဲ့ပေမဲ့  အခုတော့ ကျောင်းဝင်းထဲမှာသာ မီးပူဇော် သင်္ဂြိုဟ်သွားမှာ ဖြစ်ပြီး လက်ရှိမှာလည်း ပြင်ဆင်မှုတွေပြုလုပ်နေကြပါတယ်။

ရွှေညဝါကျောင်းတိုက် တာဝန်ရှိသူတယောက်က  “မှော်ဘီသုသာန်က နေရာလည်းကျဉ်းတယ်၊ အဆင်မပြေဘူး။ ပြီးတော့ ရာသီဥတု အခြေအနေကြောင့်လည်း ပါတယ်။ ကျောင်းက ဆရာတော်တွေမေးလိုက်တယ်။ တာဝန်ယူနိုင်တယ်ဆိုရင် ကျောင်းမှာပဲ မီးသင်္ဂြိုဟ်လိုက်မယ်ပေါ့။ အဆင်ပြေတယ်ဆိုလို့ ကျောင်းမှာပဲလုပ်လိုက်တာ” လို့ ပြောပါတယ်။

ဆရာတော်ရဲ့ အရိုးပြာအိုးကို ဇူလိုင် ၁၇ ရက် မနက်ပိုင်းမှာ ရန်ကုန်မြစ်ကနေ သယ်ဆောင်ပြီး ပင်လယ်ဝကနေ မျှောသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မီးပူဇော်သင်္ဂြိုဟ်ပြီး ရရှိလာမယ့် အရိုးပြာအိုးကို ရန်ကုန်မြစ်ဝမှာ မျှောဖို့ စီစဉ်ထားပေမဲ့ လတ်တလောမှာတော့ ဘုန်းကြီးကျောင်းအတွင်းကနေ သယ်ယူဖို့ အခက်အခဲတွေ ရှိနေ ပါတယ်။

ရွှေညဝါဆရာတော်ကြီး အရှင်ပညာသီဟ သက်တော် ၆၁ နှစ်၊ ဝါတော် ၄၀ ဟာ ဇူလိုင် ၁၀ ရက်  မနက်  ၂ နာရီ ၄၅ မိနစ်က ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင် ပုဂ္ဂလိကဆေးရုံမှာ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

ရွှေညဝါဆရာတော်ကြီးကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် အာဏာစသိမ်းတဲ့နေ့မှာ ဘာအပြစ်မှ မရှိဘဲ ဖမ်းဆီးထောင်ချခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပေမဲ့ အကျဉ်းထောင်တွင်းခံစားခဲ့ရတဲ့ အသည်းရောဂါဝေဒနာနဲ့ ဆရာတော် ပျံလွန်တော်မူသွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013