DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်က စက်သုံးဆီကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၃၃ သန်း ထပ်မံရောင်းချမည်
DVB
·
July 16, 2025
ဗဟိုဘဏ်က စက်သုံးဆီကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၃၃ သန်း ထပ်မံရောင်းချမည်
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၃၃ သန်း ထပ်မံရောင်းချသွားမှာဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်က ထုတ်ပြန်ကြေညာပါတယ်။

ဇူလိုင် ၁ ရက်နဲ့ ၈ ရက်နေ့တွေမှာလည်း အလားတူ ‌ရောင်းချမှုမျိုးရှိခဲ့ပြီး အခုအကြိမ်ဟာ ဇူလိုင်လအတွင်း တတိယအကြိမ်မြောက် ထုတ်ရောင်းချမှု ဖြစ်ပါတယ်။

လက်ရှိ ပြည်တွင်းဈေးကွက်မှာ ဒေါ်လာငွေလဲနှုန်းနဲ့ စက်သုံးဆီဈေးနှုန်းတွေ အနည်းငယ် ပြန်လည်ကျဆင်းလာပေမဲ့ စစ်ကောင်စီ ‌ဗဟိုဘဏ်က အခုလို ဒေါ်လာ‌တွေ ထပ်မံထုတ်ရောင်းဖို့ စီစဉ်တာ ဖြစ်ပါတယ်။

မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းဟာ တဒေါ်လာကို ကျပ် ၄,၆၀၀ ကျော်ကနေ ၄,၄၇၀ ဝန်းကျင်ကို ပြန်လည်ကျဆင်းနေပြီး စက်သုံးဆီဈေးနှုန်းကလည်း တလီတာကို ၉၅ ကျပ်ကနေ ကျပ် ၂၀၀ အထိ နှစ်ပတ်ဆက်တိုက် ကျဆင်းထားတာ တွေ့ရပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပြည်တွင်းဈေးကွက်မှာ ဒေါ်လာနဲ့ စက်သုံးဆီဈေးနှုန်းကို ထိန်းချုပ်ဖို့ မကြာခဏ ဒေါ်လာတွေ ထုတ်ရောင်းချပေးလေ့ရှိပြီး အခု ဇူလိုင်လဝက် အတွင်းမှာပဲ ကန်ဒေါ်လာ ၉၆ သန်းအထိ ထုတ်ရောင်းချထားပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလည်း ဒေါ်လာ ၁၂၅ သန်းကို စက်သုံးဆီလုပ်ငန်းတွေအတွက် ၄ ကြိမ်ခွဲ ရောင်းချခဲ့တာကို ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013