DVB Logo
Home
မြန်မာသတင်း
အင်ဂျင်နီယာ ဘီအီးဘွဲ့ ၆ နှစ်သင်တန်းများ စဖွင့်လှစ်တော့မည်
DVB
·
November 20, 2014
အင်ဂျင်နီယာ ဘီအီးဘွဲ့ ၆ နှစ်သင်တန်းများ စဖွင့်လှစ်တော့မည်
Donate to DVB

သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ နည်းပညာတက္ကသိုလ်တွေမှာ အခု ပညာသင်နှစ်ကစပြီး အင်ဂျင်နီယာဘွဲ့(ဘီအီး) ၆ နှစ်သင်တန်းတွေ စတင်သင်ကြားပေး တော့မယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောပါတယ်။

Universaty Mone Ywarလက်ရှိ အစိုးရ စက်မှုလက်မှုသိပ္ပံ ဂျီတီအိုင်ကျောင်း ၁၀ ကျောင်းအပြင် အခု စာသင်နှစ်မှာ ဂျီတီအိုင်ကျောင်း ၁၀ ကျောင်း ထပ်မံ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ် မှာ နောက်ထပ် ဂျီတီအိုင်ကျောင်း ၁၀ ကျောင်း ထပ်ပြီး ဖွင့်လှစ်သွားမယ်လို့လည်း မီဒီယာတွေနဲ့ မနေ့က တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြောသွားတာပါ။

ဂျီတီအိုင်တွေမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ထားသူတွေ၊ အစိုးရ နည်းပညာအထက်ကျောင်း T.H.S အောင်မြင်ထားသူတွေ တက်ရောက်ဖို့ T.H.S တွေ ကန့်သတ်ချက် မထားတော့ဘဲ ၈ တန်းအောင် ကျောင်းသားတွေ တက်ရောက်ဖို့ လျှောက်ထားနိုင်ပြီး အသက်ကန့်သတ်ချက်နဲ့ နှစ်ကန့်သတ်ချက်တွေ ဖြေလျော့ပေးခြင်းဖြင့် အမှန်တကယ်ကျွမ်းကျင်သူနဲ့ ကျွမ်းကျင်လုပ်သားတွေအဖြစ် အလုပ်လုပ်ကိုင်လိုသူတွေ ကျောင်းတွေကို တက်ရောက်နိုင်ခွင့် ရရှိလာမယ်လို့ ပြောပါတယ်။

ဒါ့ပြင် နာဂ၊ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့်နဲ့ ၀ စတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ သွားလာရေး ခက်ခဲတဲ့ ဒေသတွေက ကျောင်းသားတွေကိုလည်း အဆင့်မြင့်တက္ကသိုလ်တွေမှာ ကျောင်းသားဦးရေအများဆုံး ၃ ရာခိုင်နှုန်းအထိ တိုးမြင့်လက်ခံသွားဖို့လည်း ပြည်ထောင်စုဝန်ကြီး က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013