DVB Logo
Home
အားကစား
အာဆင်နယ်ပြောင်းရွှေ့မည့် မာဒူအက်ကေ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုတံဆိပ် ရယူခြင်းမရှိ
DVB
·
July 15, 2025
အာဆင်နယ်ပြောင်းရွှေ့မည့် မာဒူအက်ကေ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုတံဆိပ် ရယူခြင်းမရှိ
Donate to DVB

အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့တော့မယ့် ချဲလ်ဆီးတောင်ပံကစားသမား မာဒူအက်ကေဟာ ကလပ်ကမ္ဘာ့ချန်ပီယံ ဆုတံဆိပ်ကို လက်ခံရယူခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

ချဲလ်ဆီးအသင်းက ပီအက်စ်ဂျီကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး ဆုဖလားကိုင်မြှောက်နေချိန်မှာ မာဒူအက်ကေက လန်ဒန်ဆီပြန်လည်ရောက်ရှိလာပြီး တေးဂီတပွဲတခုဆီ ရောက်ရှိနေခဲ့တာပါ။

အင်္ဂလန်တောင်ပံကစားသမားဟာ ကလပ်ကမ္ဘာ့ဖလားမှာ ချဲလ်ဆီးအတွက် ၅ ပွဲကစားခဲ့သူဖြစ်ပြီး ၂ ပွဲမှာပဲ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့သူပါ။

မာဒူအက်ကေဟာ တနင်္လာနေ့က အာဆင်နယ်အသင်းနဲ့ ဆေးစစ်မှုခံယူခဲ့ပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ အာဆင်နယ်နဲ့  ၅ နှစ်စာချုပ် ချုပ်ဆိုသွားမှာပါ။

ပရိသတ်တွေကတော့ မာဒူအက်ကေရဲ့ ချန်ပီယံဆုတံဆိပ်ကို ဆုချီးမြှင့်ခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရယူသွားကြောင်း ဆိုရှယ်မီဒီယာတွေမှာ နောက်ပြောင် ရေးသားခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013