DVB Logo
Home
နိုင်ငံတကာ
ရာသီဥတုပြဿနာ ပိုမိုဖြေရှင်းပေးရန် တရုတ်ကို EU တိုက်တွန်း
DVB
·
July 14, 2025
ရာသီဥတုပြဿနာ ပိုမိုဖြေရှင်းပေးရန် တရုတ်ကို EU တိုက်တွန်း
Donate to DVB

ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်အပေါ် ဦးဆောင်မှုပိုပြဖို့ တရုတ်နိုင်ငံကို ကမ္ဘာက လိုအပ်နေတယ်လို့ ဥရောပသမဂ္ဂ (EU) ရဲ့ ရာသီဥတုဆိုင်ရာ ကော်မရှင်နာ ဝေါ့ကီ ဟိုအက်ခ်စထရာ က ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။

ကမ္ဘာဂြိုဟ်မှာ အပူထုတ်လွှတ်မှု လျှော့ချဖို့နဲ့ ကျောက်မီးသွေးအပေါ် တရုတ်စီးပွားရေးက မှီခိုမှုကို လျှော့ချဖို့ အရေးကြီးတာကို မီးမောင်းထိုးပြခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရအရာရှိတွေနဲ့ အဆင့်မြင့်ဆွေးနွေးပွဲအတွက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အသစ်တွေ တည်ဆောက်နေတာကို ရပ်တန့်ဖို့နဲ့ ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံကို တိုက်တွန်းချင်တယ်လို့ ဟိုအက်ခ်စထရာက ပြောခဲ့ပါတယ်။

“တရုတ်ခေါင်းဆောင်မပါဘဲ ကမ္ဘာကြီးက ရာသီဥတုပြဿနာကို မဖြေရှင်းနိုင်ဘူး” လို့ ဟိုအက်ခ်စထရာက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်သူ တရုတ်နိုင်ငံမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အရေအတွက် တိုးလာတယ်လို့ ကမ္ဘာ့စီးပွားရေးဖိုရမ်က ဆိုပါတယ်။

အခုနှစ် ပထမသုံးလမှာ တရုတ်နိုင်ငံက အတည်ပြုထားတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအသစ်ဟာ 11.29 gigawatts (GW) ကို ထုတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာ ခွင့်ပြုချက်နှုန်းထက် ကျော်လွန်သွားခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Greenpeace ရဲ့ ဇွန်လအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဘရာဇီးနိုင်ငံမှာ နိုဝင်ဘာလ ကျင်းပမယ့် COP30 ကုလသမဂ္ဂ ရာသီဥတုညီလာခံမတိုင်မီ EU ဟာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေကို ရှာဖို့ စိတ်ဝင်စားတယ်လို့လည်း ဟိုအက်ခ်စထရာက ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013