DVB Logo
Home
နိုင်ငံတကာ
ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးကို အနိုင်မခံ အရှုံးမပေး တိုက်ပွဲဝင်ညီအစ်ကိုများအဖြစ် ဖော်ပြ
DVB
·
July 14, 2025
ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးကို အနိုင်မခံ အရှုံးမပေး တိုက်ပွဲဝင်ညီအစ်ကိုများအဖြစ် ဖော်ပြ
Donate to DVB

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာ့ဗ်ရော့ဗ်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ကမ်းရိုးတန်းမြို့ ဝန်ဆန်မှာ ဇူလိုင် ၁၂ ရက်က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို “အနိုင်မခံ အရှုံးမပေး တိုက်ပွဲဝင်ညီအစ်ကိုများ” အဖြစ် ဖော်ပြခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

သူတို့ ၂ ယောက် ဖက်လှဲတကင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြတာကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ မြင်တွေ့ရပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မြောက်ကိုရီးယားနိုင်ငံဆီ ခရီးစဉ်အတွင်း ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဆွေးနွေးပွဲတွေ ဆက်လုပ်နေတာကို ခုခရီးစဉ်က ကိုယ်စားပြုတယ်လို့လည်း လာ့ဗ်ရော့ဗ်ရဲ့ စကားကို ကိုးကားပြီး ဝန်ကြီးဌာနက ကြေညာပါတယ်။

လာ့ဗ်ရော့ဗ်ကနေတဆင့် ပေးပို့တဲ့ စာထဲမှာ ပူတင်က အနာဂတ်မှာ နောက်ထပ် တိုက်ရိုက် အဆက်အသွယ်တွေရဖို့ မျှော်လင့်ထားတယ်လို့ ရေးထားတဲ့အကြောင်း ရုရှားအခြေစိုက် TASS သတင်းဌာနက ဖော်ပြပါတယ်။

လာ့ဗ်ရော့ဗ်က ရုရှားနိုင်ငံကို စေလွှတ်ခဲ့တဲ့ တပ်ဖွဲ့တွေအတွက် မြောက်ကိုရီးယားကိုလည်း ကျေးဇူးတင်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းပဋိပက္ခအတွင်း ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး နက်ရှိုင်းလာခဲ့တာပါ။

ရုရှားနိုင်ငံ ကာ့က်စ်ဒေသကနေ ယူကရိန်းတပ်တွေကို ဖယ်ရှားဖို့ လပေါင်းများစွာကြာတဲ့ စစ်ဆင်ရေးအတွင်း မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ထောင်ချီ တပ်ဖြန့်ထားပြီး မြောက်ကိုရီးယားက ရုရှားကို လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးခဲ့ပါတယ်။

လာ့ဗ်ရော့ဗ်ဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ ဇူလိုင် ၁၁ ရက်က မြောက်ကိုရီးယားနိုင်ငံ ဝမ်ဆန်မြို့ကို ရောက်လာဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးဆန်းဟွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013