DVB Logo
Home
မြန်မာသတင်း
ကလေးအခွင့်အရေးလေးစားရန် သမ္မတထံ အဖွဲ့အစည်း ၂၀၀ ကျော် တောင်းဆို
DVB
·
November 20, 2014
ကလေးအခွင့်အရေးလေးစားရန်  သမ္မတထံ အဖွဲ့အစည်း ၂၀၀ ကျော် တောင်းဆို
Donate to DVB

နိုင်ငံတကာ ကလေးသူငယ်အခွင့်အရေးစာချုပ်ပါ ကတိက၀တ်များကို လေးစားလိုက်နာရန် ပြည်တွင်းအခြေစိုက် မြန်မာ အရပ်ဘက်အဖွဲ့အစည်း ၂၃၀ က သမ္မတ ဦးသိန်းစိန်ထံ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_71446" align="alignright" width="390"]Kachin Refugee22 copy ကချင်ဒုက္ခသည် စခန်းတခုမှ စစ်ဘေးရှောင် ကလေးဒုက္ခသည်များ[/caption]

နိုဝင်ဘာလ ၂၀ ၇က်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ကလေးအခွင့်အရေးစာချုပ် (CRC) ၂၅ နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် ကလေးအခွင့်အရေးများဆိုင်ရာစာချုပ်ပါ ကတိများကို လေးစားဖို့ သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်တာပါ။

ကလေးတွေရဲ့ အသက်ရှင်ဖွံ့ဖြိုးတိုးတက်ခွင့်နဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်လို့ ညီမျှခြင်းမြန်မာ အဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်း က အခုလို ပြောပါတယ်။

“ပထမဦးဆုံး ကလေးတွေရဲ့ အသက်ရှင်ဖွံ့ဖြိုးတိုးတက်ခွင့်နဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ ကြည့်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်မှာ အခုချိန်အထိ မွေးကင်းစကလေးတွေရဲ့ ဖွားသေမှုနှုန်း၊ နောက် ကလေးတွေရဲ့ အာဟာရ ဖွံ့ဖြိုးမှုနှုန်းကို ကြည့်မယ်ဆိုရင် ကမ္ဘာကို မပြောပါနဲ့ အာဆီယံမှာတောင် နိမ့်ကျနေတဲ့ အချက်တွေ ရှိတယ်။ နောက်ကလေးတွေနဲ့ ကာကွယ်မှုနဲ့ ပတ်သက်ပြီး ကလေးစစ်သား၊ ကလေးကူးသန်းရောင်းဝယ်ခံရမှုတွေက ဆက်ရှိနေတုန်းပဲ။ ကလေးအလုပ်သမား ကိစ္စတွေ တိုင်းပြည်မှာ ရှိနေတုန်းပဲ။ နောက်တခါ တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းဒုက္ခသည်အဖြစ် ပုန်းရှောင်နေရတဲ့ ကလေးတွေကိုယ်တိုင်က ကာကွယ်မှုပိုင်းမှာ အားနည်းနေတာတွေ ရှိနေတဲ့ အတွက် ဒါတွေကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့အတွက် သတိပေးလိုတဲ့ အတွက် အခုလိုမျိုး အိတ်ဖွင့်ပေးစာ ပေးရတာဖြစ်ပါတယ်။”

ကလေးအလုပ်သမားနဲ့ ပတ်သက်ပြီး အနိမ့်ဆုံးကလေးလုပ်သား စေခိုင်းခံရမယ့် အသက် ကန့်သတ်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရေးကိုလည်း တောင်းဆိုထားပြီး နိုင်ငံတော်မှာ တာဝန်အရှိဆုံးဖြစ်တဲ့ သမ္မတကြီးအနေနဲ့ ကလေးသူငယ်အရေးကိစ္စတွေကို အမြဲတမ်း ထည့်သွင်းစဉ်းစားပြီး အကောင်းဆုံးအကျိုးဖြစ်ဖို့အတွက် ၀ိုင်းဝန်းလုပ်ဆောင်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ ကလေးအခွင့်အရေးစာချုပ် (CRC)ကို ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှာ အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။

သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုတဲ့အဖွဲ့တွေထဲမှာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ အိခ်ျအိုင်ဗွီအရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေး စတဲ့ တက်ကြွလှုပ်ရှားသူ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော် ပါဝင်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013