DVB Logo
Home
မြန်မာသတင်း
ရခိုင်ကျေးရွာသစ်များ တည်ထောင်ရန် ပြည်နယ်လွှတ်တော်ဆုံးဖြတ်
DVB
·
November 19, 2014
ရခိုင်ကျေးရွာသစ်များ တည်ထောင်ရန် ပြည်နယ်လွှတ်တော်ဆုံးဖြတ်
Donate to DVB

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ ရခိုင်တိုင်းရင်းသား ကျေးရွာသစ်တွေ တည်ထောင်ပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။

Maung Tawနိုဝင်ဘာ ၁၈ ရက်က ကျင်းပတဲ့ ပြည်နယ်လွှတ်တော်အတွင်း ပေါက်တောအမတ် ဦးသက်ထွန်းအောင်က ဒီဒေသဘက်မှာ တိုင်းရင်းသားတွေနေထိုင်တာနည်းတဲ့အတွက် တိုင်းရင်းသားကျေးရွာသစ်တွေတည်ထောင်ပေးဖို့ အဆိုတင်သွင်းခဲ့ပြီး အမတ် ၄ ယောက်က ထောက်ခံဆွေးနွေးခဲ့တဲ့နောက် လွှတ်တော်က အတည်ပြုခဲ့တာလို့ ရခိုင်အမျိုးသားပါတီရဲ့ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။

“အဆိုနဲ့ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးဝန်ကြီး ဦးတင်လင်းက သူတို့ အသေအချာ ကွင်းဆင်းလေ့လာပြီးရင် လိုအပ်တဲ့ အစီအမံတွေ ချမှတ်မယ်လို့ ပြောပြီးထောက်ခံဆွေးနွေးတော့ လွှတ်တော်က အတည်ပြုဖြစ်လိုက်ပါတယ်။”

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ ကျေးရွာသစ် အရေအတွက် ဘယ်လောက် ထပ်မံတည်ထောင်မယ် ဆိုတာတော့ လွှတ်တော်မှာ ပြောမသွားပါဘူး။

ရခိုင်ပြည်နယ်ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ ဘင်္ဂလီလူမျိုး ၉၀ ရာခိုင်နှုန်းနဲ့ ရခိုင် အပါအ၀င် တခြား တိုင်းရင်းသား ၁၀ ရာခိုင်နှုန်း နေထိုင်နေကြတာ ဖြစ်ပါတယ်။

အခု ရွာသစ်တည်တဲ့လုပ်ငန်း အောင်မြင်မှု ရှိနိုင်မရှိနိုင်နဲ့ပတ်သက်ပြီး ပြည်နယ်အမတ် ဦးအောင်မြတ်ကျော် က “အစိုးရအဖွဲ့အပေါ် အဓိက မူတည်မှာပေါ့။ တိုးချဲ့မယ့် တိုင်းရင်းသားကျေးရွာတွေကို စီမံချက် အသေအချာချပြီး မဟာဗျုဟာ နည်းဗျုဟာ သေချာချပြီးလုပ်ရင်တော့ ဖြစ်နိုင်ပါတယ်။ အဲ့ဒီကျေးရွာသစ်တွေမှာ တိုင်းရင်းသားတွေနေထိုင်ချင်လာအောင် အစိုးရအနေနဲ့ ဆွဲဆောင်ဖို့ လိုမယ်၊ဥပမာ လုပ်ကိုင်စားသောက်မှုအပိုင်း၊ လုံခြုံရေးပိုင်း၊ ပညာရေး၊ ကျန်းမာရေးပိုင်းတို့မှာ ပြီးပြည့်စုံအောင် အစီအမံအတိအကျနဲ့ လုပ်ပေးထားနိုင်ရင် နေချင်တဲ့တိုင်းရင်းသားတွေ ရှိလာ မှာပဲလေ။” လို့ ပြောပါတယ်။

ဘူးသီးတောင်၊ မောင်တောဘက်မှာ အလားတူ ရွာသစ်တည်ထောင်တဲ့ လုပ်ငန်းကို ၁၉၉၅ ခုနှစ်လောက်တုန်းက လုပ်ဆောင်ခဲ့ဖူးပြီး အောင်မြင်မှု မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013