DVB Logo
Home
မြန်မာသတင်း
သူရဦးရွှေမန်း၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြောဆိုချက် ဒေါ်အောင်ဆန်းစုကြည် လက်ခံ
DVB
·
November 19, 2014
သူရဦးရွှေမန်း၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြောဆိုချက် ဒေါ်အောင်ဆန်းစုကြည် လက်ခံ
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲပြီးမှ အခြေခံဥပဒေပြင်ဆင်မယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

DASSK 436 01082014နိုဝင်ဘာ ၁၉ ရက်နေ့ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန် သတင်းမီဒီယာ တွေရဲ့ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က “သူက Process (လုပ်ငန်းစဉ်)ကို ပြောတာပါ။ Process က ဒီလိုပဲ သွားရမှာပဲလေ၊ ဘာဖြစ်လိုလဲ ဆိုတော့ ဆိုပါတော့ ဒီ ၄၃၆ ကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်တယ်ဆိုပါတော့ ၄၃၆ ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးမှသာလျှင် တချို့ကိစ္စတွေ ပြောင်းလို့ရမယ်လေ အဲ့တော့ အဲ့ဒီဟာ တွေကျတော့ တကယ်လို့ အချိန်အရရော အခုလက်ရှိသွားနေတဲ့ လုပ်ငန်းတွေအရရော ဒါ process အရတော့ ဒါဒီလိုပဲလုပ်ရမှာပဲ”လို့ ဖြေကြားခဲ့ပါတယ်။

ဒါ့ပြင် ဖွဲ့စည်းပုံပုဒ်မ ၅၉/စ ပြင်ဆင်ဖို့ အတွက်လည်း သူ့ Process အရသူသွားရမှာ ဖြစ်သလို ၅၉/စလုံးကို မပြင်ခင် ၄၃၆ ကိုပြင်ရမှာဖြစ်တဲ့အတွက် သူ့အဆင့်နဲ့သူရှိသလို လုပ်ငန်းစဉ်အရ ဒီလိုဖြစ်ဖို့ သဘာဝကျတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

လွှတ်တော်အကြီးအကဲ သူရဦးရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြင်နိုင်တော့မှာမဟုတ်ပဲ လာမယ့် ရွေးကောက်ပွဲအပြီးမှာသာပြင်နိုင်တော့မယ်လို့ နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။

နိုင်ငံရေး ဆောင်းပါးတွေကို ရေးသားတဲ့ ဒေါက်တာ ရန်မျိုးသိမ်းကတော့ ဒေါ်အောင်ဆန်းစုကြည် သတင်းမီဒီယာတွေကို တုံ့ပြန်မှုနဲ့ သူရဦးရွှေမန်းရဲ့ ပြောဆိုချက်ကို ကြည့်ရင်တော့ ၂ ဦး သဘောတူညီချက်ရယူပြီး ဒေါ်အောင်ဆန်းစုကြည်က ကြိုတင် သိရှိထားတဲ့ အငွေ့အသက်တွေ ကို တွေ့နေရတယ်လို့ ပြောပါတယ်။

“လက်ရှိ အခြေအနေမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး အင်တိုက်အားတိုက် လုပ်နေတဲ့ နိုင်ငံရေး ပါတီခေါင်းဆောင်တွေရော၊ လတ်မှတ်ကောက်ခံခဲ့တဲ့ နိုင်ငံရေး ပါတီဝင်တွေကော၊ လက်မှတ်ထိုးခဲ့တဲ့ လူ ၅ သန်းရော အားလုံးအနေနဲ့ဆိုရင် ဒီအသံတွေ ဒီအမြင်တွေကို သိရဖတ်ရတဲ့အခါမှာ အနည်းနဲ့ အများတော့ စိတ်ဓာတ်ကျနိုင်တယ်”လို့ သူက ပြောပါတယ်။

“လက်ရှိကြုံတွေနေရတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ ဆိုရင် ကျနော်အမြင်ကတော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူလူထု ထောက်ခံမှုကို ပြန်ပြီးတော့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြန်လုပ်တဲ့ နည်းလမ်းတခုပဲ ရှိတယ်လို့ ကျနော်က မြင်တယ်။ ၂၀၀၈ တုန်းက စစ်အစိုးရလက်အောက်မှာ ၅/၉၆ ဥပဒေလက်အောက်မှာ လုပ်ခဲ့တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ရလဒ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထား အမှန်ကို ကိုယ်စားပြုတယ်လို့ ပြောဖို့ခက်တယ်။ အဲဒီအခါကျတော့ ဆန္ဒခံယူပွဲပြန်လုပ်ပြီးတော့ ထောက်ခံတဲ့သူ ၅၀ ရာခိုင်နှုန်းကျော် ရှိရင် ပြင်ဆင်ရေး လမ်းကြောင်းကို ဆက်သွား ထောက်ခံတဲ့သူ ၅၀ ရာခိုင်နှုန်း မပြည့်ဘူးဆိုရင် အသစ်ပြန်လည်ရေးဆွဲရေး လမ်းကြောင်းကို သွားဆိုတဲ့ ဒီနိုင်ငံရေး လမ်းကြောင်းတခုသာလျှင် ကျနော်တို့တိုင်းရင်းသား ပြည်သူတွေအတွက် ထွက်ပေါက်ဖြစ်လိမ့်မယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံတကာသတင်းတွေမှာတော့ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်မှာ ကြိုးပမ်းရာမှာ အန်အယ်လ်ဒီက အနိုင်မရနိုင်ဘူးလို့ ပြောခွင့်ရ ဦးဉာဏ်ဝင်းကို ကိုးကားပြီး ရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013