DVB Logo
Home
နိုင်ငံတကာ
အမေရိကန်လဝက စီးနင်းဖမ်းဆီးမှုအပေါ်    မက္ကဆီကိုသမ္မတ ရှုတ်ချ 
DVB
·
July 12, 2025
အမေရိကန်လဝက စီးနင်းဖမ်းဆီးမှုအပေါ်    မက္ကဆီကိုသမ္မတ ရှုတ်ချ 
Donate to DVB

မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်ဟာ အမေရိကန်ပြည်ထောင်စုမှာ လတ်တလော လူဝင်မှုကြီးကြပ်ရေးစီးနင်းမှုတွေနဲ့ပတ်သက်ပြီး ဇူလိုင် ၁၁ ရက်မှာ ရှုတ်ချလိုက်ပြီး ဇန်နဝါရီလကတည်းက ဒီစစ်ဆင်ရေးမှာ မက္ကဆီကိုနိုင်ငံသား အနည်းဆုံး ၃၅၅ ယောက် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် ဇန်နဝါရီ ၂၀ ရက်မှာ အာဏာရလာကတည်းက အများစု လေကြောင်းနဲ့ ပြန်ကြသူတွေနဲ့ မက္ကဆီကိုနိုင်ငံသား ၆၇,၀၀၈ ယောက် အပါအဝင် မက္ကဆီကိုနိုင်ငံ ကို ပြန်ပို့ခံရသူ စုစုပေါင်း ၇၃,၅၃၃ ယောက် ရှိသွားပါပြီ။ 

ကျန်တဲ့သူတွေကတော့ တခြားနိုင်ငံတွေမှ နိုင်ငံသားတွေဖြစ်တယ်လို့ သမ္မတ ရှိန်းဘောင်းမ်က သူ့ရဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

သမ္မတ ရှိန်းဘောင်းမ်က “ဒီစီးနင်းမှုတွေက လုံးဝ မတရားပါဘူး၊ ဒါပေမဲ့ အဲဒီစီးနင်းမှုတွေကြောင့် အမေရိကန်စီးပွားရေးကို လည်း သိသိသာသာ ပျက်စီးစေလိမ့်မယ်။  မက္ကဆီကန်တွေရော၊ မက္ကဆီကန် မဟုတ်သူတွေရောနဲ့ လက်တင်နိုတို့လို တခြားလူမျိုးစုတွေဟာ အမေရိကန်စီးပွားရေးကို အားကောင်းအောင် ထူထောင်ပေးထားတာ”လို့ ပြော ပါတယ်။ 

ဇူလိုင် ၁၀ ရက်က အမေရိကန် ဖက်ဒရယ်အေးဂျင့်တွေဟာ ကယ်လီဖိုးနီးယားတောင်ပိုင်း ကမ်းရိုးတန်းစိုက်ပျိုးရေးဒေသရှိ ပြည်နယ်- လိုင်စင်ရ ဆေးခြောက်ပျိုးဥယျာဉ်မှာ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက ဝင်ရောက် စီးနင်းခဲ့ကြပါတယ်။ 

အဲဒီစီးနင်းမှုကြောင့် ရွှေ့ပြောင်းအခြေချအရေး တက်ကြွလှုပ်ရှားသူတွေက ကျေးလက်လမ်းတွေ ပေါ်မှာ ဆန္ဒပြခဲ့ပြီး လုံခြုံရေးအဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ကာ တခြား လူစုလူဝေး ထိန်းချုပ်ရေးအစီအမံတွေကို ပြုလုပ်ခဲ့ပါတယ်။ 

Source:Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013