DVB Logo
Home
နိုင်ငံတကာ
ဟေတီ၌ အောက်တိုဘာလကစပြီး  လူပေါင်း ၅,၀၀၀ ခန့်သေဆုံးဟု ကုလထုတ်ပြန်
DVB
·
July 12, 2025
ဟေတီ၌ အောက်တိုဘာလကစပြီး  လူပေါင်း ၅,၀၀၀ ခန့်သေဆုံးဟု ကုလထုတ်ပြန်
Donate to DVB

ဟေတီနိုင်ငံမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ စတင်ကာ လူပေါင်း ၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး အထူးသဖြင့် မြို့တော် ပို့အော်ပရင့်စ်တဝိုက်မှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ ပြင်းထန်လာတာ ကြောင့် လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်း ဇူလိုင် ၁၁ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

အကြမ်းဖက်မှုတွေ မြင့်တက်လာတာဟာ ဟေတီနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး နိုင်ငံကို မတည်မငြိမ်ဖြစ်စေကာ ဒေသတွင်းမှာ နယ်ကျော် ဖြန့်ကျက် သက်ရောက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာကြပါတယ်။ 

၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ဟေတီနိုင်ငံမှာ လူပေါင်း ၄၈၆၄ ယောက် သေဆုံးခဲ့ပြီး နိုင်ငံတဝန်းမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ပို့အော်ပရင့်စ်နဲ့ အနီးတဝိုက်ဒေသတွေမှာ သေဆုံးမှုပေါင်း ၁,၀၀၀ ကျော် ရှိပါတယ်။ 

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်ကော်မရှင်အဖွဲ့ဝင်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှမ်ဒါဆာနီက “ဒီအဆုံးမရှိတဲ့ဖြစ်ရပ်ဆိုးတွေကြားမှာ ဒုက္ခခံနေရသူတွေကတော့ ဟေတီလူထုဖြစ်ပြီး၊ သူတို့ဟာ ဂိုဏ်းအဖွဲ့ တခုခုရဲ့ ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုတွေကို ခံနေရသလို၊ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ကိုယ်ကိုယ်ကိုယ် ကာကွယ်ရေးအဖွဲ့လို့ခေါ်တဲ့အဖွဲ့အစည်းတွေကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ ကြုံတွေ့နေရတယ်”လို့ ပြောပါတယ်။

လူဆိုးဂိုဏ်းတွေဟာ ဟေတီနိုင်ငံတဝန်းမှာ ပိုမိုထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတွင်းလုံခြုံရေးတပ်ဖွဲ့တွေကို လွှမ်းမိုးထားနိုင်ခဲ့တာကြောင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို စစ်ဆင်ရေးတွေ အရှိန်လျှော့ခိုင်းပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေကို သူတို့ရဲ့ နေအိမ်တွေကနေ ခိုင်းစေခဲ့ပါတယ်။

လုံခြုံမှု မရှိခြင်းကြောင့် Mirebalais တက္ကသိုလ် ဆေးရုံအပါအဝင် ဆေးရုံတွေကို ပိတ်လိုက်ရ ခြင်းကြောင့် ဟေတီနိုင်ငံရဲ့ ယိုယွင်းနေတဲ့ ကျန်းမာရေးကဏ္ဍကို ပိုမိုဆိုးရွားစေပါတယ်။

မြို့တော်တဝိုက်ရှိ ကျန်းမာရေးအဆောက်အအုံတွေရဲ့  ၂၅ ရာခိုင်နှုန်း အောက်သာ လည်ပတ်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013