DVB Logo
Home
Lead Story
“ဒီနှစ်ဆောင်း အအေး မပိုနိုင်” မိုးလေ၀သပညာရှင် ဦးထွန်းလွင်နှင့်မေးမြန်းချက်
DVB
·
November 19, 2014
“ဒီနှစ်ဆောင်း အအေး မပိုနိုင်” မိုးလေ၀သပညာရှင် ဦးထွန်းလွင်နှင့်မေးမြန်းချက်
Donate to DVB

[caption id="attachment_16620" align="alignright" width="310"]ဦး​ထွန်းလွင် ဦး​ထွန်းလွင်[/caption]

ဒီနှစ်ဆောင်းဟာ အအေးပိုတဲ့ဆောင်း မဖြစ်နိုင်ဘူးလို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။ ချွင်းချက်တခုအနေနဲ့ လတ်တလော အမေရိကားမှာဖြစ်ပေါ်နေတဲ့ အအေးလှိုင်း ပေါက်ကွဲပျံ့နှံ့မှုဖြစ်စဉ် မြန်မာပြည်ဘက်ရောက်လာရင်တော့ အအေးပိုလာနိုင်တယ်လို့လည်း ခန့်မှန်းပြောပါတယ်။ ၂၀၁၀ တုန်းက အလားတူ အအေးလှိုင်း မြန်မာပြည်ရောက်လာပြီး အအေးပိုခဲ့ဘူးတယ်လို့လည်း ဆိုပါတယ်။
လတ်တလော ရာသီဥတုဖြစ်စဉ်တွေနဲ့ ဒီနှစ်ဆောင်းရာသီ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေါက်တာ ဦးထွန်းလွင်နဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ

ဒီနှစ်ဆောင်း အေးဖို့ ရှိမလား။
“နှစ်ခွဗျ။ လောလောဆယ်တော့ မအေးဘူး။ အေးဖို့အကြောင်းလည်း မတွေ့ရဘူး။ အေးမယ်လို့ ပြတဲ့အကြောင်းအရာလည်း မတွေ့ရဘူး။ ဒါပေမယ့် ချွင်းချက်တခုရှိတာက အမေရိကားဘက်မှာ လေအေးတွေ ၀င်နေတယ်။ ၂၀၁၀ တုန်းက အဲ့ဒီကောင်က နောက်ပိုင်းမှာ အရှိန်ကောင်းလာပြီး အရှေ့ဘက်ကို ရွေ့တယ်။ အအေးလှိုင်းပေါ့နော်။ ပြီးတော့ ဥရောပရောက်တယ်။ ဥရောပရောက် ပြီးတော့ အာရှအလယ်ကို ရောက်တယ်။ အာရှအလယ်မှာ မြန်မာပြည်မြောက်ဘက် ကပ်လျက်ရှိတဲ့ ဆိုက်ဘေးရီးယား၊ ဆိုက်ဘေးရီးယားကနေ ဟိမ၀န္တာ၊ အဲ့ဒီကနေ မြန်မာပြည်ထဲ ၀င်လာပြီး အေးဖူးတယ်။ အဲ့ဒီ ချွင်းချက်ကလွဲရင်တော့ ဒီနှစ်က သိပ်အအေးပိုတဲ့ဆောင်း မဖြစ်နိုင်ဘူး။ ဒီနှစ်က အယ်နီညို (အပူပိုတဲ့ ရာသီဥတုဖြစ်စဉ်)ကလည်း နည်းနည်းဖြစ်နေတော့ အားတော့ မကောင်းဘူးပေါ့လေ။ သိပ်အေးဖို့ မမြင်ဘူး။”

မအေးဘူးဆိုတော့ သူ့ရဲ့ ဆန့်ကျင်ဘက် ပူဖို့ ရှိမလား။

“ပူတာတော့ မပူပါဘူး။ အအေးပေါ့တာပေါ့။ လောလောဆယ်က ဘယ်လိုဖြစ်နေလဲဆိုတော့ မိုးရိပ်က မကုန်သေးဘူး။ ဆိုလိုတာက ရေငွေ့က ရှိတဲ့နေရာ ရှိနေတယ်။ ကျနော် မြို့တော် ၃ ခုကို တွက်တွက်ကြည့်နေတာတခု ရှိတယ်။ ခံစားရတဲ့ အပူချိန်ကို တွက်ကြည့်တာ။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်။ နေပြည်တော်မှာဆို တော်တော်များလာတယ်။ ဖာရင်ဟိုက်နဲ့ တွက်ကြည့်ရင် ၁၂၀ ကျော်တယ်။ ကျန်တဲ့မြို့တွေက ၁၀၀ ကျော် ၁၁၀ ကျော်ရှိတယ်။ ဒီနေ့ဆို ဘင်္ဂလားပင်လယ်အော်တခုလုံး တိမ်တွေချည်းပဲဗျ။ တိမ်တွေရှိနေတော့ ရာသီဥတုက မတည်ငြိမ်ဘူး။ မုန်တိုင်းက ၄ လုံး ဖြစ်ပြီးပြီဆိုပေမယ့် ဖြစ်နိုင်သေးတယ်ဗျ။ ပူမယ်လို့ မပြောနိုင်ပေမယ့် အအေးပိုဖို့တော့ မရှိပါဘူး။”

မြန်မာပြည်ရဲ့ဆောင်းရာသီဟာ လာမယ့် ဒီဇင်ဘာ ၁ရက်မှာ စတင်မှာဖြစ်ပြီး လတ်တလော ကာလကိုတော့ မိုးလွန်ကာလလို့ သတ်မှတ်ထားပါတယ်။ ဘင်္ဂလားပယ်လယ်အော်က မုန်တိုင်းကိုတော့ ဒီဇင်ဘာလကုန်အထိ စောင့်ကြည့်ရမယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013