Home
နိုင်ငံတကာ
Bitcoin တန်ဖိုး ဒေါ်လာ ၁၁၆,၀၄၆ ထိ စံချိန်တင်မြင့်တက်
DVB
·
July 11, 2025
Photo :Reuters

ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဝယ်လိုအားနဲ့ ထရမ့်ပ်အစိုးရရဲ့ မူဝါဒတွေကြောင့် ကမ္ဘာ့အကြီးဆုံး ခရစ်ပ်တိုငွေကြေးဖြစ်တဲ့ Bitcoin တန်ဖိုးဟာ စံချိန်တင် ထပ်မံမြင့်တက်ခဲ့ပါတယ်။

ဇူလိုင် ၁၁ ရက် ဂရင်းနစ်စံတော်ချိန် ၂၁ နာရီ ၂၇ မိနစ်မှာ တန်ဖိုး ဒေါ်လာ ၁၁၆,၀၄၆ ဒသမ ၄၄ အထိ ရောက်ရှိခဲ့ပြီး ဒီနှစ်ထဲမှာ ၂၄ ရာခိုင်နှုန်းအထိ တန်ဖိုးမြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

မတ်လထဲမှာတော့ ထရမ့်ပ်ဟာ ခရစ်ပ်တိုငွေကြေးတွေကို မဟာဗျူဟာ အရန်ငွေအဖြစ် ထားရှိဖို့ အမိန့်တရပ်ကို လက်မှတ်ထိုးခဲ့ပါတယ်။

ဒါ့အပြင် ထရမ့်ပ်ဟာ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SEC) ဥက္ကဋ္ဌ နေရာမှာ ခရစ်ပ်တို လိုလားသူကို ခန့်အပ်ခဲ့သလို ခရစ်ပ်တိုနဲ့ အေအိုင်ရေးရာ အိမ်ဖြူတော် တာဝန်ရှိသူလည်း သီးခြားခန့်အပ်ခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ မိသားစုလုပ်ငန်းတွေဟာလည်း ခရစ်ပ်တိုငွေကြေးနယ်ပယ်မှာ ဝင်ရောက် လုပ်ကိုင်နေပါတယ်။

Trump Media & Technology Group ဟာလည်း Bitcoin အပါအဝင် ခရစ်ပ်တို တိုကင်အများအပြားမှာ ရင်းနှီးမြှုပ်နှံဖို့ ရန်ပုံငွေတရပ် ထူထောင်ဖို့ စီစဉ်နေတယ်လို့ SEC ကိုတင်တဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024