DVB Logo
Home
မြန်မာသတင်း
သာစည်နှင့် ကျောက်ဆည်တို့တွင် ကျပ်သန်း ၅,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
July 11, 2025
သာစည်နှင့် ကျောက်ဆည်တို့တွင် ကျပ်သန်း ၅,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
1 / 2
Donate to DVB

မန္တလေးတိုင်း၊ သာစည်နဲ့ ကျောက်ဆည်မြို့နယ်တို့မှာ ငွေကျပ် သန်း ၅,၀၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းမိတယ်လို့ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီက ဇွန် ၉ နဲ့ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန် ၂၆ ရက် ညနေ ၆ နာရီခွဲက မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာနားမှာ ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာကနေ ရန်ကုန်ကို ဇင်ကိုဦး မောင်းနှင်ပြီး အောင်မင်းသူ လိုက်ပါလာတဲ့ နစ်ဆန်း ၁၂ ဘီးကားပေါ်မှာ တင်လာတဲ့ သံပိုက်လုံးတွေထဲက စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်း (ဒေသကာလတန်ဖိုးငွေကျပ် သန်း ၂,၀၀၀ ကျော်) ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဆေးပြားတွေ တင်ဆောင်ပေးသူ စိန်ကျော်ဝင်းကို ဇွန် ၂၇ ရက် ည ၁၀ နာရီမှာ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက် ၄ က နေအိမ်မှာ ဖမ်းဆီးရမိပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှာ နေထိုင်သူတယောက်က ရန်ကုန်ကိုပို့ပေးဖို့ လာရောက်အပ်နှံတာလို့ သိရပြီး သူတို့ကို အရေးယူထားသလို ကွင်းဆက်တွေကိုလည်း ဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

ဇွန် ၂၂ ရက် ညနေ ၃ နာရီကလည်း ကျောက်ဆည်နဲ့ မိတ္ထီလာ ခရိုင်ချင်းဆက်လမ်း၊ တောင်တော်ကျေးရွာနားမှာ သတင်းအရ စောင့်ဆိုင်းနေတုန်း ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်ကနေ မန္တလေးကို သန်းအောင်စိုး (ခ) မျောက်ကြီး မောင်းနှင်ပြီး ပိုင်ခန့် လိုက်ပါလာတဲ့ Nissan Diesel ၆ စစ်ဆေးရှာဖွေခဲ့တာမှာ ကားပေါ်ကနေ ဘိန်းဖြူ ၁၄၈ ဒသမ ၇၉၇ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ ဘိန်းဖြူတွေကို မိုင်းရယ်မြို့ကနေ မန္တလေးမြို့ကို သယ်ဆောင်ခိုင်းသူ မနန်းသီရိအောင် (ခ) ဘောပြားမ၊ ဟန်ထွန်းနိုင် (ခ) စိုင်းကျော်မိန်းနဲ့ စောရန်နိုင် တို့ကို ဇွန် ၂၆ ရက် မွန်းလွဲပိုင်းမှာ လွိုင်လင်မြို့နယ်၊ ပင်လုံ-လဲချားသွား ကားလမ်းမှာ Ford Ranger ကားနဲ့အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး သူတို့ထဲက ဟန်ထွန်းနိုင် (ခ) စိုင်းကျော်မိန်းဟာ မူးယစ်အမှုတွေနဲ့ အလိုရှိ တရားခံပြေးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ ဘုန်းမြင့်ကျော် (ခ) ဦးတီပွားနဲ့ ဇော်ဇော်နောင် (ခ) ကိုနောင် တို့ကို ဇွန် ၂၉ ရက် မွန်းလွဲပိုင်းမှာ အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်က နေအိမ်မှာ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဘုန်းမြင့်ကျော် (ခ) ဦးတီပွား ဟာလည်း မူးယစ်အမှုနဲ့ အလိုရှိတရားခံပြေး ဖြစ်တယ်လို့ ဆိုပါတယ်။

ဖော်ထုတ်ချက်အရ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာနေ အောင်ဖြိုးသူနဲ့ မိုင်းရယ်မြို့နေ စိုင်းစော တို့က မူးယစ်ဆေးဝါးတွေ လွှဲပြောင်းပေးခဲ့သူတွေဆိုတာ သိရလို့ သူတို့ကို အရေးယူထားသလို ကွင်းဆက်တွေကိုလည်း ဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013