DVB Logo
Home
မြန်မာသတင်း
ဖားဆောင်းတိုက်ပွဲတွင် KPLA ဒုစစ်ကြောင်းမှူး အပါအဝင် ရဲဘော် ၂ ဦးကျဆုံး
DVB
·
July 11, 2025
ဖားဆောင်းတိုက်ပွဲတွင် KPLA ဒုစစ်ကြောင်းမှူး အပါအဝင် ရဲဘော် ၂ ဦးကျဆုံး
1 / 8
Donate to DVB

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က မြို့သိမ်းတိုက်ပွဲမှာ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (KPLA)  တပ်ရင်းအမှတ် ၉၄၂၅ တပ်ခွဲတွေက ဒုစစ်ကြောင်းမှူး အပါအဝင် ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

KPLA B/9425 တပ်ခွဲ ၄ မှာ ဒုစစ်​ကြောင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ပေးနေတဲ့ ရဲဘော် တယောက် ဇူလိုင် ၅ ရက် ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရပါတယ်။

KPLA B/9425 တပ်ခွဲ ၁ မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၁၉ နှစ်အရွယ် ရဲဘော် အာဗြာဟန်ကတော့ ဇူလိုင် ၇ ရက်နေ့မှာ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရပါတယ်။

ဇွန် ၂၅ ရက်မှာ စစ်ကောင်စီရဲ့ ခလရ ၁၃၄ စခန်းကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်နေရင်း ၃၀ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင် ၂ ရက်မှာ စစ်ကောင်စီရဲ့ FTC-2000G အမျိုးအစား တိုက်လေယာဥ်ကိုလည်း ပစ်ချနိုင်ခဲ့တာပါ။

ခလရ ၁၃၄ စခန်းကို သိမ်းပိုက်ပြီးနောက် ၁၃၅ စခန်းဘက်မှာ ထိတွေ့တိုက်ပွဲရှိနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013