DVB Logo
Home
မြန်မာသတင်း
သျှမ်းပြည်တောင်ပိုင်း အမျိုးသားများလွတ်မြောက်ရေးအဖွဲ့  ဖွဲ့စည်း 
DVB
·
July 10, 2025
သျှမ်းပြည်တောင်ပိုင်း အမျိုးသားများလွတ်မြောက်ရေးအဖွဲ့  ဖွဲ့စည်း 
Donate to DVB

 

ဒီမိုကရေစီစံနှုန်းတွေကို အခြေခံပြီး စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံသစ်ကို ပြည်သူတွေနဲ့အတူ တည်ဆောက်သွားဖို့  သျှမ်းပြည်တောင်ပိုင်းအမျိုးသားများလွတ်မြောက်ရေးအဖွဲ့ (SSNLO) Southern Shan Nationalities Liberation Organization ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

အဆိုပါအဖွဲ့အစည်းကို နွေဦးတော်လှန်ရေးစတင်ချိန်ကစလို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြခဲ့တဲတဲ့ အစုအဖွဲ့တွေ၊ အကြမ်းမဖက်အာဏာဖီဆန်မှု CDM ဝန်ထမ်းတွေနဲ့  လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲတဲ့ကာလမှာ အစဉ်တစိုက် တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့  အရပ်ဘက် အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့  ဖွဲ့စည်းတည်ထောင်ထားတယ်လို့ ဆိုပါတယ်။ 

ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ နိုင်ငံရေး၊ စစ်ရေး အစုအဖွဲ့တွေရဲ့ နိုင်ငံရေးဘုံသဘော တူညီချက်တရပ် ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်တယ်၊ တဆက်တည်းမှာ အဖွဲ့ရဲ့ လုပ်ဆောင် ချက်အနေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို တတ်စွမ်းသမျှ တွင်တွင်ကျယ်ကျယ် ဆောင်ရွက် သွားမယ်လို့ SSNLO  ရဲ့ အတွင်းရေးမှူးက အဖွဲ့ရဲ့လူမှုကွန်ရက်စာမျက်ကနေ ထုတ်ပြန် ပြောကြားပါတယ်။

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ပြည်သူတို့လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး  အမြန်ဆုံးပေါ်ထွန်းလာရေးအတွက်  အားလုံးပူးပေါင်းပါဝင်ပြီး အတူလက်တွဲ ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

အဖွဲ့အစည်းအနေနဲ့ သျှမ်းပြည်တောင်ပိုင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတိုင်းရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ တန်းတူညီရေးတို့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်စံနှုန်းတွေအတွက် ကြိုးပမ်း ဆောင်ရွက်သွားမယ်၊ တိုင်းရင်းသားလူမျိုးစု၊ လူနည်းစု အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ စည်းစည်းလုံးလုံး အတူတကွနေထိုင်သွားကြဖို့ အစဉ် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

Source: SSNLO 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013