
နိုင်ငံသာယာဝပြောရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြဖို့ လူငယ်ကျောင်းသားတွေကို တရုတ်သမ္မတ ရှီကျင့်ဖျင်က တောင်းဆိုလိုက်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနဲ့ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရှီဟာ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ရှန်ရှီးပြည်နယ်၊ ယန်ကွမ်မြို့မှာ ဂျပန်ကျူးကျော်စစ်အတွင်း တပ်ရင်း ရာနဲ့ချီ ပါဝင်ခဲ့တဲ့ စစ်ဆင်ရေးအထိမ်းအမှတ် အောက်မေ့ဖွယ်ခန်းမကို သွားချိန်မှာ အမှာစကား ပြောခဲ့တာပါ။
ရှီက ၁၉၄၀ ပြည့်နှစ်မှာစတဲ့ စစ်ဆင်ရေးရဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းခြင်း ချထားခဲ့ပါတယ်။
ဂျပန်ကျူးကျော်သူတွေကို သတ္တိရှိရှိ တိုက်ထုတ်ရာမှာ တပ်မတော်နဲ့ အရပ်သားတွေကို ဦးဆောင်ခဲ့တဲ့ CPC ရဲ့ သမိုင်းကြောင်းကို ပြန်သုံးသပ်ခဲ့ပြီး တော်လှန်သမိုင်းပညာကို ထမ်းဆောင်ဖို့နဲ့ ရန်လိုမှုကို တွန်းလှန်ဖို့ စိတ်ဓာတ်မြှင့်တင်ရေး ဒေသဆိုင်ရာ ကြိုးပမ်းမှုတွေအကြောင်း ရှီက ခရီးစဉ်အတွင်း လေ့လာခဲ့ပါတယ်။
ရှီက အောက်မေ့ဖွယ်ခန်းမမှာ ကျောင်းသားငယ်တွေ၊ ဝန်ထမ်းတွေနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုပါတယ်။
“သမိုင်းကိုမမေ့ရင် အနာဂတ်အတွက် လမ်းပြအဖြစ် ဆောင်ရွက်နိုင်ပါတယ်။ ကလေးတွေ၊ တိုင်းပြည်ရဲ့ ကျောရိုးဖြစ်လာအောင် ကြိုးပမ်းပြီး တိုင်းပြည်ကို ခိုင်မာသာယာဝပြောအောင် ကြိုးစားပြီး ကမ္ဘာကြီးကို ငြိမ်းချမ်းစေမယ်လို့ မျှော်လင့်ပါတယ်။ လုံ့လဝီရိယရှိရှိ၊ ကြိုးကြိုးစားစား၊ ဖြောင့်မတ်ပြီး မာနကြီးတဲ့ တရုတ်လူမျိုးဖြစ်ပါစေ” လို့ ရှီက ပြောပါတယ်။
Hundred-Regiment စစ်ဆင်ရေးဟာ ရန်သူ့စစ်ဆင်ရေးတွေကို နှောင့်ယှက်ရုံသာမက ဒုတိယကမ္ဘာစစ်ရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေအတွင်း CPC ဦးဆောင်တဲ့ အဋ္ဌမလမ်းကြောင်း တပ်မတော်က ရဲရင့်ပြီး မကြုံစဘူး တန်ပြန်တိုက်ခိုက်မှုတရပ်လည်း ဖြစ်ခဲ့ပါတယ်။
Source: Reuters