
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ တံတားပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၀ ယောက် ထက် မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
ဂူဂျာရတ်ပြည်နယ်ရဲ့ ဗာဒိုဒါရာမြို့မှာ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ရေအောက်မှ အလောင်းတွေ ကို ဆယ်ယူဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။
မနက် ၇ နာရီ ၁၅ မိနစ်လောက်က တံတားပြိုကျချိန်မှာ ဖြတ်သန်းနေတဲ့ မော်တော်ယာဉ် ၅ စီးလည်း မြစ်ထဲကို ထိုးကျသွားတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဒါမယ်လီယာက ပြောပါတယ်။
“ရရှိထားတဲ့ အချက်အလက်တွေအရ တံတားပြိုကျချိန်မှာ ကုန်တင်ယာဉ် ၂ စီး၊ ပစ်ကပ်ဗင်ကား တစီး၊ ဂေဟစနစ် မော်တော်ယာဉ်တစီးနဲ့ မော်တော်ဆိုင်ကယ် တစီးတို့ ရေထဲ ပြုတ်ကျ သွားခဲ့ပါတယ်”လို့ ဆိုပါတယ်။
အခုချိန်ထိ အလောင်း ၉ လောင်းကို ဆယ်ယူရရှိထားပြီး ဒဏ်ရာရထားသူ ၅ ဦး၊ ၆ ဦးလောက်ကို ကုသမှုတွေ လုပ်ဆောင်ပေးနေပါတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး အနီးလ် ဒါမယ်လီယာက အခင်းဖြစ်ပွားရာနေရာကနေ ပြောပါတယ်။
ပြိုကျနေတဲ့ တံတားအစွန်းမှာ ချိတ်ပြီး တွဲလောင်းကျနေတဲ့ ကား ၂ စီးကိုတော့ ချက်ချင်း ကယ်ဆယ်နိုင်ခဲ့ပြီး မော်တော်ဆိုင်ကယ်စီးတဲ့ တခြားလူ တချို့ကလည်း သူတို့ကိုယ်သူတို့ ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။
Source:Reuters