DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင် ယနေ့အပြီးသတ် ရေးဆွဲမည်
DVB
·
November 19, 2014
နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင် ယနေ့အပြီးသတ် ရေးဆွဲမည်
Donate to DVB

[caption id="attachment_71383" align="alignright" width="300"]ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစိုးရနှင့် သဘော တူညီချက်များကို နိုင်ငံခြား ပညာရှင်နှင့် အတူ ပြန်လည် သုံးသပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို ဇူလိုင်လ ၁၄ ရက်နေ့က ပြုလုပ်စဉ်(ဓာတ်ပုံ NBF) ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစိုးရနှင့် သဘော တူညီချက်များကို နိုင်ငံခြား ပညာရှင်နှင့် အတူ ပြန်လည် သုံးသပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို ဇူလိုင်လ ၁၄ ရက်နေ့က ပြုလုပ်စဉ်(ဓာတ်ပုံ NBF)[/caption]

တပြည်လုံး အပစ်အခတ်ရပ်စဲရေးအလွန် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် နိုင်ငံရေး မူဘောင် အပြီးသတ်ရေးဆွဲဖို့ ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီတွေက ၁၅ ဦးကော်မတီအဖွဲ့ဝင်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

နိုင်ငံရေး မူဘောင်ကို ကော်မတီအဖွဲ့ဝင်တွေဟာ ၈ ကြိမ်လောက် ဆွေးနွေး ညှိနှိုင်းရေး ဆွဲနေတာဖြစ်ပြီး ဒီကနေ့ အပြီးသတ် ရေးဆွဲဖို့ ရှိနေတာပါ။

အချောသတ် ရေးဆွဲထားတဲ့မူဘောင်ကိုတော့ လာမယ့် နိုဝင်ဘာလ ၂၅ နဲ့ ၂၆ ရက်တွေမှာ နိုင်ငံရေးပါတီ ၅၀ ကျော်ကို ချပြဆွေးနွေးသွားမှာဖြစ်တယ်လို့ ကော်မတီအဖွဲ့ဝင် ဦးဇိုဇမ်က ဒီဗွီဘီကိုပြောပါတယ်။

အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် မူဘောင်တခုတည်း ချမှတ်ရေးဆွဲဖို့အတွက်  ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ - ၁၄ ရက်နေ့တွေက ကျင်းပခဲ့တဲ့ ၂ ရက်ကြာဆွေးနွေးပွဲမှာ  နိုင်ငံရေးပါတီ ၅၆ ပါတီကို ကိုယ်စားပြုအဖွဲ့ဝင် ၁၅ ဦးပါ လုပ်ငန်းကော်မတီတရပ်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။  ဒီမူဘောင်ရေးဆွဲရာမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ)နဲ့  ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(ယူအန်အေ) တို့ကတော့ ပါဝင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013