DVB Logo
Home
နိုင်ငံတကာ
တက္ကဆက်ရှိ အမေရိကန် နယ်ခြားစောင့်စခန်း၌ ပစ်ခတ်မှု ဖြစ်၊ ၁ ဦး သေဆုံး
DVB
·
July 9, 2025
တက္ကဆက်ရှိ အမေရိကန် နယ်ခြားစောင့်စခန်း၌ ပစ်ခတ်မှု ဖြစ်၊ ၁ ဦး သေဆုံး
Donate to DVB

တက္ကဆက်ပြည်နယ်တောင်ပိုင်း မက်ကာလန်မြို့ရှိ အမေရိကန် နယ်ခြားစောင့်စခန်းတခုကို တနင်္လာနေ့က ချေမှုန်းရေးရိုင်ဖယ်နဲ့ ပစ်ခတ်ပြီးနောက်မှာ အသက် ၂၇ နှစ်အရွယ် မစ်ရှီဂန် အမျိုးသား တဦးကို အမေရိကန် နယ်ခြားစောင့်ရဲတွေက ပစ်သတ်လိုက်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့က ပြောပါတယ်။  

ရိုင်ယန်လူးဝစ္စ မော်စ်ကယ်ဒါလို့ အမည်ရတဲ့ အဲဒီအမျိုးသားဟာ မနက် ၆ နာရီမထိုးခင်က စခန်းအ၀င်ဝမှာ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီးတော့ အေးဂျင့်တွေကလည်း ပြန်ပစ်ခတ်ခဲ့တယ် လို့ မက်ကာလန် ရဲချုပ် ဗစ်တာ ရိုဂရီဂွက်ဇ်က သတင်းထောက်တွေကို ပြောပါတယ်။ 

အပြန်အလှန် ပစ်ခတ်မှုအတွင်း မက်ကာလန် ရဲအရာရှိ တယောက် ဒူးဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်းလည်း ဆိုပါတယ်။ 

နယ်ခြားစောင့်ဝန်ထမ်း တယောက်လည်း ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက ပြောပါတယ်။ 

အနီးနားမှာ ရပ်ထားတဲ့ မော်စ်ကယ်ဒါရဲ့ ရှက်ဗရိုးလေ ခရီးသည်တင် ကားထဲမှာ နောက်ထပ် ချေမှုန်းရေးသေနတ်တွေနဲ့ ခဲယမ်းမီးကျောက် အများအပြားကို တွေ့ရှိကြောင်းလည်း ရိုဂရီဂွက်ဇ်က ပြောဆိုပါတယ်။ 

FBI ကတော့ ဖက်ဒရယ်အရာရှိတွေနဲ့ ဖက်ဒရယ်အဆောက်အအုံကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေပါတယ်။ 

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အဆောက်အအုံဟာ နယ်ခြားစောင့်တပ်ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့တွေကို ထားရှိတဲ့ နေရာဖြစ်ကြောင်း အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး အရာရှိဟောင်း တစ်ဦးက ပြောကြားပါတယ်။ 

ရဲတပ်ဖွဲ့ဟာ အဲဒီနေရာကို လုံခြုံရေး ကန့်သတ်လိုက်တာကြောင့် အနီးနားရှိ မက်ကာလန် နိုင်ငံတကာ  လေဆိပ်ရှိ လေယာဉ်ခရီးစဉ်တွေ နာရီပေါင်းများစွာ နှောင့်နှေးခဲ့ရပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013