
အီရတ်နိုင်ငံမြောက်ပိုင်းရှိ လှိုဏ်ဂူတခုအတွင်း ရှာဖွေရေးလုပ်ဆောင်နေချိန်မှာ မီသိန်းဓာတ်ငွေ့တွေနဲ့ ထိတွေ့ခဲ့ပြီးနောက်မှာ တူရကီစစ်သား ၁၂ ယောက် သေဆုံးခဲ့တယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၇ ရက်မှာ ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ တရားမ၀င် ကာဒစ်စတန်အလုပ်သမားပါတီ (PKK) ကို ဆန့်ကျင်တဲ့ စစ်ရေး စစ်ဆင်ရေးအတွင်း သေဆုံးသွားခဲ့တဲ့ တူရကီစစ်သားတယောက်ရဲ့ရုပ်ကြွင်းတွေကို ရှာဖွေတဲ့ တနင်္ဂနွေနေ့က မစ်ရှင်တခုအတွင်း ဖြစ်ပွားခဲ့ကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လှိုဏ်ဂူအတွင်းမှာ ဓာတ်ငွေ့နဲ့ ထိတွေ့မှုရှိခဲ့တဲ့ တခြားစစ်သားတွေကိုလည်း ဆေးရုံကို ပို့ဆောင်ပြီး ကုသမှုခံယူစေခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုထားပါတယ်။
Source:Reuters